Skip to main content

အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ် ကျောက်ဆည် ဇွန် ၂၂ အောင်ပိုင်ပိုင်ကျော်

လွမ်းမိပါတယ်ရှင် အ.ထ.က (၃) ပြင်ဦးလွင်

နိုင်ငံတော်အကြီးအကဲ ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ပြင်လွင်ဦးမြို့ ခရီးစဉ်မှာ သွားရောက်ခဲ့တဲ့ နေရာလေးတစ်ခု။ အဲဒီနေရာက ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းပါ။ ဒီသတင်းကို နားထောင်လို့အပြီးမှာ ကျွန်မရဲ့ စိတ်အစဉ်ဟာ လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ကာလက အဲဒီကျောင်းမှာ ပညာသင်ကြားခဲ့တဲ့ ပုံရိပ်တွေဆီလွင့်ပါရောက်ရှိသွားခဲ့ပါတယ်။ ဖခင်တာဝန်ကျရာ နေရာဒေသအသီးသီးကို လိုက်ပါပြောင်းရွှေ့ခဲ့ရတဲ့ မြို့တွေအနက် ကျွန်မမှတ်မှတ်ထင်ထင်ရှိခဲ့တဲ့၊ ဇာတိချက်ကြွေမွေးရပ်မြေလို့ မှတ်ထင်ထားတဲ့ မေမြို့ သို့မဟုတ် ပြင်ဦးလွင်ကိုတော့ ကျွန်မတစ်သက်ဘယ်တော့မှ မေ့နိုင်မယ်မထင်ပါဘူး ။
Subscribe to