ပြည်ထောင်စုအသွင်သဏ္ဌာန် ပီပြင်ဖို့......
လူတို့သည် ကမ္ဘာတစ်လွှားတွင် မှီတင်းနေထိုင် ရှင်သန် ရပ်တည်နေကြသော သက်ရှိသတ္တဝါအမျိုးမျိုးအနက် အသိဉာဏ် အကြွယ်ဝဆုံး သတ္တဝါများဖြစ်ကြသည်။ ထိုသို့ အသိဉာဏ်အကြွယ်ဝဆုံး ဖြစ်ကြသည်နှင့်အမျှ ကမ္ဘာမြေပြင်ကို အစိုးမိုးနိုင်ဆုံး သတ္တဝါသည်လည်း လူသားများသာဖြစ်သည်။ ကမ္ဘာ့သမိုင်းတစ်လျှောက် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာပါက အနည်းနှင့် အများဆိုသလို လူသားတို့၏ပယောဂမကင်းကြောင်း တွေ့ရမည်။ အကယ်စင်စစ် ကမ္ဘာဦးကာလကလူသားများ သည် အခြားသက်ရှိ သတ္တဝါများနည်းတူ အစားအစာများကို အလေ့ကျ လှည့်လည်ရှာဖွေစားသောက်ကာ အသက် ရှင်သန်ရပ်တည် ခဲ့ကြသည်။ နောက်ပိုင်း တွင် စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး အခြေတကျ
