ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ (ယခင်အခေါ် RC 3) ကို ပထမနှစ် စတင်တက်ရောက်ခဲ့တဲ့ ၁၉၉၃ ခုနှစ် အမှတ်တရပါပဲ။ မြန်မာနိုင်ငံ စာရင်းကိုင် သင်တန်းမှာ ခင်ခဲ့တဲ့ ကျွန်မတို့သူငယ်ချင်းသုံးယောက်က တစ်ယောက် မေဂျာတစ်ခုစီ။ ကျွန်မက ရူပဗေဒအဓိက၊ မျိုးမျိုးဆိုတဲ့ သူငယ်ချင်းက သင်္ချာအဓိက၊ နောက်ရတနာကိုဆိုတဲ့ သူငယ်ချင်း က ဓာတုဗေဒ အဓိကယူထားကြပါတယ်။