Skip to main content

ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးဆိုတာ...

ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေး (Moral Right) ဆိုတာကို မပြောခင်အရင်ဦးစွာအားလုံးသိကြတဲ့ Copyright Law အကြောင်းလေးကို နိဒါန်းပျိုးလို့ ပြောချင်ပါတယ်။ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (Copyright Law) သည် ကိုယ်ပိုင်စိတ်ကူးဉာဏ်ဖြင့် ဖန်တီးပြုလုပ်ထားသည့် စာပေအနုပညာလက်ရာ (မူလလက်ရာများ)အပေါ် မူပိုင်ခွင့်အခွင့်အရေးနဲ့ ဆက်နွယ်တဲ့အခွင့်အရေးများ ရရှိစေဖို့အတွက် အကာအကွယ်ပေးတဲ့ ဥပဒေပဲဖြစ်ပါတယ်။ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေအရ မူလလက်ရာရှင် (သို့) မူပိုင်ခွင့်ပိုင်ရှင်တို့ဟာ စီးပွားရေးဆိုင်ရာ သီးသန့်အခွင့်အရေး (Economic Right)အပြင် ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးကိုလည်း ရရှိနိုင်ပါတယ်။

အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ပုံရိပ်တို့သည် ၇၅ နှစ်ဆိုသော ကာလ၏ ဝါးမျိုခြင်းဖြင့် ပျောက်ကွယ်လုမတက် ကျန်ရစ်ခဲ့ပေပြီ။ စင်စစ် ခေတ်စနစ်အဆက်ဆက်တွင် ရှင်သန်၊ အချိုးအကွေ့ ပေါင်းများစွာကိုကျော်ဖြတ်၊ အခြေအနေအချိန်အခါနှင့်အညီ ပြုပြင်တီထွင်၊ အားမာန်သွင်းရပ်တည်ရင်း၊ ပြည်သူကို အလုပ်အကျွေးပြုခဲ့သော ပုံရိပ်တို့သည် ဝေဝါး ပျောက်ကွယ်ကောင်းသည့်အရာများ မဟုတ်ကြပါ။
Subscribe to