Skip to main content

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေပေးဝေရာ၌ ထိရောက်မှုရှိစေရေး မြောင်းဘောင်များအား ကျောက်စီခြင်းနှင့် လူကူးတံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေပေးဝေရာ၌ ထိရောက်မှုရှိစေရေး မြောင်းဘောင်များအား ကျောက်စီခြင်းနှင့် လူကူးတံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ကျောက်ဆည် ဇန်နဝါရီ ၂၆ သက်မောင်

တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် တံတားဦး ဇန်နဝါရီ ၂၆ ရဲတင့်

ငါန်းဇွန်မြို့စည်ပင်သာယာစျေးတွင် မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြ

ငါန်းဇွန်မြို့စည်ပင်သာယာစျေးတွင် မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြ ငါန်းဇွန် ဇန်နဝါရီ ၂၆ သက်နောင်ဦး

ဘားအံမြို့တော်ခန်းမတည်ဆောက်ခြင်း လုပ်ငန်းနှင့် ကရင်ပြည်နယ်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သော ကတ္တရာဝယ်ယူခြင်းများ အတွက် တင်ဒါဖွင့်ခြင်း ဆောင်ရွက်

ဘားအံမြို့တော်ခန်းမတည်ဆောက်ခြင်း လုပ်ငန်းနှင့် ကရင်ပြည်နယ်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သော ကတ္တရာဝယ်ယူခြင်းများ အတွက် တင်ဒါဖွင့်ခြင်း ဆောင်ရွက် ဘားအံ ဇန်နဝါရီ ၂၆ နေမျိုးလွင်

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ နှစ် (၁၀၀) ပြည့်ပွဲ

မြန်မာနိုင်ငံတွင် ပြည်သူတို့၏ “နေရေး” ကို အဖြေတွေး၍ နည်းလမ်းမျိုးစုံဖြင့် ခေတ်အဆက်ဆက် ဖြည့်ဆည်း ပေးလျက်ရှိသော တစ်ချိန်တုန်းက “အိုးအိမ်” ဟု လူသိ များခဲ့သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကြီးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သက်တမ်း ကာလနှစ် (၁၀၀) ပြည့်မြောက်မည် ဖြစ်ပေသည်။ စာရေး သူသည် အဆိုပါဌာန၏ အငြိမ်းစားအရာထမ်းတစ်ဦး ဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ရင်း ပြည်သူတို့၏ နေရေးပြဿနာဖြေရှင်းရာတွင် အုတ် တစ်ချပ်၊ သဲတစ်ပွင့်ပမာအလား တစ်တပ်တစ်အား ပါဝင် ဖြေရှင်းဆောင်ရွက်ခွင့်ရခဲ့သည့်အတွက် များစွာဂုဏ်ယူမိ သကဲ့သို့ ဌာနကြီး၏ နှစ် (၁၀၀) ပြည့်ပွဲကို မျက်ဝါးထင်ထင် ပါဝင်ဆင်နွှဲခွင့်ရသည့် မိမိ၏ကြုံတောင့်ကြုံခဲ အငြိမ်းစား ဝန်ထမ်းဘဝကိုပါ ဝင့်ကြွားမဆုံး တစ်ပြုံးပြုံးရှိနေပါသည်။ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ သမိုင်းကြောင်းကို အများပြည်သူ တို့ သိရှိစေရန်အလို့ငှာ ဤဆောင်းပါးကို မဖြစ်မနေ ရေးသားမိခြင်းဖြစ်ပါသည်။ ရှေးဦးစွာ နှစ် (၁၀၀) ပြည့် ဆုတောင်းအဖြစ် “ဇေယျတု သဗ္ဗမင်္ဂလံ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်းတို့သည် ကောင်းကျိုး ချမ်းသာ ခပ်သိမ်းသော ကျက်သရေမင်္ဂလာအဖြာဖြာ တို့ဖြင့် ပြည့်ဝစုံလင် ပျော်ရွှင်ညီညာလိုရာပြီးမြောက် ခရီးရောက်၍ အစိုးရသစ်ကို ကြိုဆိုရင်း လျှမ်းလျှမ်း တောက် အောင်မြင်ကြပါစေသတည်း” ဟု လှိုက်လှိုက် လှဲလှဲ ဆုတောင်းအပ်ပါသည်။
Subscribe to