Skip to main content

၂၀၂၁ ခုနှစ် အောက်တိုဘာလ(၅)ရက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး အကြင်နာရပ်ဝန်းမှ မုဒိတာနှလုံးသားပိုင်ရှင်များ

အကြင်သူသည် အကြင်နာရပ်ဝန်းရိပ်မြုံ တွင် ခိုလှုံသည်။ အကြင်နာရပ်ဝန်းရိပ်မြုံ တွင် မွေ့လျော် ပျော်ပိုက်သည်။ အကြင်နာရပ်ဝန်းသည်ကား အကြင်သူ၏ မေတ္တာလွှမ်းခြုံအေးရိပ်မြုံလည်း ဖြစ်လေသည်။ အကြင်သူ၏ရင်ထဲတွင် မုဒိတာနှလုံးသားရှိသည်။ အကြင်သူသည် မုဒိတာ နှလုံးသားကို ပိုင်ဆိုင်ထားလေသည်။

မြို့ပြနှင့်ကျေးလက် တစ်ပြေးညီ တိုးတက်ဖွံ့ဖြိုးလာစေရန် အထောက်အကူပြုမည့် တိုင်းရန်ကုန်မှ ကျေးလက်လမ်း၊ တံတားများ

ရန်ကုန်တိုင်းဒေသကြီးသည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စက်မှုဇုန်များ ထွန်းကားရာ ကုန်စည်ကူးသန်းရောင်းဝယ်ရေး အချက်အချာကျသည့် တိုင်းဒေသကြီးအဖြစ် ထင်ရှားလှသည်။ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းစသဖြင့် ခရိုင်လေးခုဖြင့် ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး လူဦးရေ၏ ၆၅ ရာခိုင်နှုန်းသည် မြို့ပြတွင်နေထိုင်ကြပြီး ၃၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြသည်။
Subscribe to