Global Centre for Responsibility to Protect (GCR2P) အဖွဲ့ရဲ့ အပတ်စဉ်ထုတ် Atrocity Alert (ရက်စက်ယုတ်မာမှုများအသိပေးချက်) စာစောင်အမှတ် ၂၇၈ မှာ “UN Gravely Concerned as Violence Intensifies in Myanmar” ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုလိုက်ရ ပါတယ်။ GCR2P ဆိုတာ Responsibility to Protect (R2P) ကို ထောက်ခံတဲ့ နိုင်ငံတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပြီးတော့ အင်အားကြီးနိုင်ငံတွေရဲ့ လိုလားချက်တွေကို အကောင်အထည်ဖော်ဖို့ရာ လိုအပ်တဲ့အကြောင်း အချက်တွေ၊ အပြစ်အနာအဆာတွေကို ရှာပေးနေတဲ့ အဖွဲ့ဖြစ်တယ်။ ကုလသမဂ္ဂမူဘောင်အောက်မှာ ဖွဲ့စည်းထားတဲ့အဖွဲ့ မဟုတ်ပေမယ့်လည်း မြန်မာနိုင်ငံအပေါ် သတိထားစောင့်ကြည့်နေတဲ့အဖွဲ့ဖြစ်လို့ လျစ်လျူရှုထားလို့မရတဲ့ အဖွဲ့ပါ။ ၎င်းဆောင်းပါးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မဟုတ်မမှန်ဖော်ပြခဲ့တာ တွေကို ဖတ်လိုက်ရတော့ မြန်မာပြည်သူတစ်ယောက်အနေနဲ့ အမှန်ကိုတုံ့ပြန်လို စိတ်တွေ ဖြစ်ပေါ်လာမိတယ်။