“တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏” ဆိုသောစကားသည် ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိကကျပုံကို မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရန်ဖြစ်သော်လည်း အများနှင့် သို့မဟုတ် အဖွဲ့အစည်းများအချင်းချင်း၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များ အတွက် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်အောင်ဆောင်ရွက် ရမည်လည်း ဖြစ်ပါသည်။