Skip to main content

ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

ကျုံပျော်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ကျုံပျော်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

စိတ်ကျန်းမာရေးအကြောင်း တစေ့တစောင်း

ကမ္ဘာကြီးသည် ယနေ့ကာလတွင် ကဏ္ဍအသီးသီး၌ စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရသဖြင့် ကမ္ဘာတစ်ဝန်းရှိ လူအများအပြားသည်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေရ သည်။ အထူးသဖြင့် လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါသည် ဗိုင်းရပ်စ်မျိုးကွဲများ ကြောင့် ထိန်းချုပ်ရန် အခက်အခဲများစွာရှိနေသည်ဖြစ်ရာ အများပြည်သူတို့အကြား စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပိုမိုခံစားလာရသည်။ ခရီးသွားလာမှု ကန့်သတ်ချက်များ၊ အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အနာဂတ်အတွက် မရေရာမှုများကလည်း စိုးရိမ်ပူပန်သောကနှင့် စိတ်ဖိစီးမှုများကို ပိုမိုဖြစ်ပေါ်စေသည်။ အကျိုးဆက်အဖြစ် အိမ်တွင်းအကြမ်းဖက်မှုများ၊ သေကြောင်းကြံစည်မှုများ အထိ ဖြစ်ပေါ်စေသည်။ ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါကို ရှောင်လွှဲနိုင်ခဲ့သူများရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်ခံရသူအများအပြားသည် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ကြရပြန်သည်။ လူငယ်များအနေဖြင့် ရက်အနည်းငယ်အတွင်း သက်သာပျောက်ကင်း သွားလေ့ရှိသော်လည်း အသက်ကြီးသူများနှင့် ပြင်းထန်သည့်ရောဂါလက္ခဏာရှိသူတို့မှာ ကိုဗစ် နောက်ဆက်တွဲကြောင့် စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုကို ဆက်လက်ခံစားကြရသည်။

ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ ကျင့်ဝတ်စည်းကမ်းများတွင် နိုင်ငံရေးဆိုင်ရာ ဘက်လိုက်မှုမရှိရေးနှင့် ပါတီနိုင်ငံရေး ကင်းရှင်းရေးတို့နှင့် စပ်လျဉ်း၍ လေ့လာဆန်းစစ်ခြင်း

ဖိလစ်ပိုင်သမ္မတနိုင်ငံတွင် “နိုင်ငံရေးအရ ရွေးချယ်ခြင်းခံထားရသူအား ၎င်း၏ နိုင်ငံရေး ရာထူးသက်တမ်းအတွင်း မည်သည့်အစိုးရရုံး (သို့မဟုတ်) မည်သည့်အစိုးရရာထူး၌မဆို ခန့်အပ် ခြင်းမပြုရန်၊ မည်သည့်ရွေးကောက်ပွဲတွင်မဆို ရှုံးနိမ့် သည့် ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲအပြီး တစ်နှစ်အတွင်း အစိုးရရုံး (သို့မဟုတ်) အစိုးရပိုင် (သို့မဟုတ်) အစိုးရထိန်းချုပ်မှုအောက်ရှိ လက်အောက်ခံ မည်သည့်ရုံးတွင်မဆို ခန့်အပ်ခြင်း မပြုရန်၊ နိုင်ငံ့ဝန်ထမ်း (သို့မဟုတ်) တပ်မတော်သားများအနေဖြင့် မည်သည့်ပါတီနိုင်ငံရေး လှုပ်ရှားမှုတွင်မဆို တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း မပါဝင်ရန်၊ မိမိတို့၏ တရားဝင် အခွင့်အာဏာ (သို့မဟုတ်) သြဇာသက်ရောက်မှုကို ရွေးကောက်ပွဲ၌ အသုံးမပြုရန်၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် လက်ရှိနိုင်ငံရေးပြဿနာများ (သို့မဟုတ်) နိုင်ငံရေးအခြေအနေများအပေါ် မိမိ၏အမြင်များအား ထုတ်ဖော် ပြောဆိုခြင်းကို တားမြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မဲထည့်ခြင်းမှလွဲ၍ နိုင်ငံရေးလှုပ်ရှားမှုများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မပါဝင်ရန်၊ မည်သည့်ရွေးကောက်ပွဲတွင်မဆို ဝင်ရောက်ယှဉ်ပြိုင် ခြင်းမပြုရန်” သတ်မှတ်ပြဋ္ဌာန်းထားပါသည်။
Subscribe to