ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အိပ်မက်ဆိုးက နိုးထဖို့အချိန်တန်ပြီ
ယခုရက်ပိုင်းအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆွေးနွေးလျက်ရှိရာ လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)(KNU/ KNLA-PC)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA-မိုင်းလား)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးတွေ့ဆုံဆွေးနွေးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့နှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
