အခွင့်ကောင်းကို သိမြင်နိုင်ပါစေ
မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်စုံတစ်ခုကြုံတိုင်း ကျောင်းသား၊ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းများသည် ရိုက်ခတ်မှုများနှင့် ဦးစွာကြုံတွေ့ရလေ့ရှိသည်။ မရိုက်ခတ်လျှင်လည်း ရိုက်ခတ်လာအောင် နိုင်ငံရေးသမားဟုဆိုသူများက ဆော်ဩကြသည်။ မခံချင်အောင် သွေးထိုးလှုံ့ဆော်တတ်ကြသည်။
