Skip to main content

ရေကောင်းမြေမှန် စာပေဗိမာန်

၁၉၆၅ ခုနှစ်ခန့်ကစ၍ ကဗျာကလေးများရေးသားခဲ့သော ကျွန်တော်သည်စာပေဗိမာန်ဟူသော အမည်ကို အလွန်ပင်စိတ်ဝင်စားခဲ့ပါသည်။ ကျွန်တော်တို့ ကဗျာရေးခါစက ရွှေသွေးဂျာနယ်သည် မပေါ်ပေါက်သေးပေ။ ရွှေသွေးဂျာနယ်က ၁၉၆၉ ခုနှစ်ခန့်မှ စတင်ပေါ်ပေါက်သည်ထင်ပါ၏။ ရွှေသွေးမှာကဗျာရေးချင်သည်။ ရုပ်ပြဇာတ်လမ်းလေးတွေရေးချင်သည်။ သို့သော်လည်း ကိုယ်နှင့်ဆက်စပ်မှုမရှိ။ ဘယ်လိုဘယ်ပုံစာမူပို့ရမည်ကိုလည်းမသိ၊ စာရေးစကာလမှာ စာပေဗိမာန်နှင့်လည်း မနီးစပ်ခဲ့ပါပေ။၁၉၆၅ ခုနှစ်ခန့်ကစ၍ ကဗျာကလေးများရေးသားခဲ့သော ကျွန်တော်သည်စာပေဗိမာန်ဟူသော အမည်ကို အလွန်ပင်စိတ်ဝင်စားခဲ့ပါသည်။ ကျွန်တော်တို့ ကဗျာရေးခါစက ရွှေသွေးဂျာနယ်သည် မပေါ်ပေါက်သေးပေ။ ရွှေသွေးဂျာနယ်က ၁၉၆၉ ခုနှစ်ခန့်မှ စတင်ပေါ်ပေါက်သည်ထင်ပါ၏။ ရွှေသွေးမှာကဗျာရေးချင်သည်။ ရုပ်ပြဇာတ်လမ်းလေးတွေရေးချင်သည်။ သို့သော်လည်း ကိုယ်နှင့်ဆက်စပ်မှုမရှိ။ ဘယ်လိုဘယ်ပုံစာမူပို့ရမည်ကိုလည်းမသိ၊ စာရေးစကာလမှာ စာပေဗိမာန်နှင့်လည်း မနီးစပ်ခဲ့ပါပေ။

စာပေဗိမာန် သုံးရတုနှင့် ကျွန်တော့်ပုံရိပ်များ

စာပေဗိမာန်သည် ငွေရတု၊ ရွှေရတုကာလများကို အောင်မြင်စွာဖြတ်သန်းပြီးနောက် ယခု ၂ဝ၂၂ ခုနှစ်တွင် စိန်ရတုသက်တမ်း ပြည့်မြောက်ပြီဖြစ်သည်။

ကလိမ်စေ့ငြမ်းဆင်၊ ဘုရားပြီးငြမ်းဖျက် မဖြစ်စေလိုပါ

ပကတိဖြစ်ရပ်မှန်တွေနဲ့ဝေးကွာပြီးမှ တရားမဝင်သတင်းအချက်အလက်အမှားတွေအပေါ်မှာအခြေခံပြီး ချဉ်းကပ်တောင်းဆိုမှုမျိုး၊ တွေ့ဆုံဆွေးနွေးမှုမျိုးတွေဟာ ပြီးပြည့်စုံတဲ့အဖြေမှန်ရဖို့ ခဲယဉ်းနိုင်ပါတယ်၊ အပြုသဘောရလဒ်ကောင်းတွေထွက်ပေါ်ဖို့လည်း အလှမ်းကွာဝေးနိုင်ပါတယ်ဆိုတဲ့ သဘောတရားတစ်ခုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စင်ကာပူနိုင်ငံသူ လူမှုဗေဒပညာရှင် မစ္စနိုလင်းဟေဇာရဲ့ ခရီးစဉ်ကသာဓကဆောင်ခဲ့ပြန်ပါပြီ။
Subscribe to