Skip to main content

ပညာရေးနှင့် ဆရာများ၏ အရေးပါသော အခန်းကဏ္ဍ

နှစ်စဉ် အောက်တိုဘာ ၅ ရက်ဟာ ကမ္ဘာ့ဆရာများနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်လို့ အခုဆိုရင် ကမ္ဘာ့ဆရာများနေ့ ကျင်းပခဲ့တာ ၂၈ နှစ်ရှိပါပြီ။ ယခု ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့အတွက် ဆောင်ပုဒ်က “The transformation of education begins with teachers” “ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့် အစပြု” ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်က ဆရာများရဲ့ အခန်း ကဏ္ဍကို ပိုမိုထင်ရှားစေပါတယ်။ လက်တွေ့နယ်ပယ်မှာတော့ ဆရာများရဲ့အခန်းကဏ္ဍဟာ ဒီထက်မက နက်နဲကျယ်ဝန်းလှပါတယ်။

ဦးသန့်၏ဖေ အက်စ်ကျူမှသည် ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် ပညာရေးဆီသို့

ယနေ့ကျွန်တော်တို့၏ ပြောင်းလဲလိုသည့်ပညာရေးမှ နိုင်ငံသား များကို အဓိကထား လေ့ကျင့်ပေးရမည့်အချက်များတွင် “လူ့အဖွဲ့ အစည်း ငြိမ်းချမ်းသာယာမှုကို မြတ်နိုးတည်ဆောက်သူ နိုင်ငံသားများ” ပေါ်ထွန်းလာရေးပင် ဖြစ်ပါသည်။ ထိုသို့ပေါ်ထွန်းလာစေရန်အတွက် အောက်ပါ ဉာဏ်ရည်များ လူတစ်ဦးချင်းဆီတွင် ထက်မြက် မြင့်မားလာအောင် ပညာရေးက လေ့ကျင့် ပေးရပါမည်။
Subscribe to