Skip to main content

ငြိမ်းချမ်းရေး သို့မဟုတ် နိုင်ငံ့အနာဂတ်ခရီးအတွက် အခြေခံလိုအပ်ချက်

မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အတူ တွေ့မြင်နေရသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်မှုများ ဖြစ်ပါသည်။

အားလုံးပါဝင် ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင် အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေး

ယနေ့ကမ္ဘာ့လူဦးရေသည် သန်း ၈၀၀၀ ကျော်လွန်သွားပြီဖြစ်ပါသည်။ ထိုအထဲမှ ၁၅ ရာခိုင်နှုန်း ဖြစ်သော မသန်စွမ်းသူများသည်လည်း ကမ္ဘာကြီး၏ ဖြစ်စဉ်ပြောင်းလဲမှုများကြား ဖြတ်သန်း နေကြရပါသည်။ ကုလသမဂ္ဂ သမိုင်းတစ်လျှောက် ကမ္ဘာကြီးစိန်ခေါ်မှု အများဆုံးအခြေအနေသို့ ရောက်ရှိ နေခြင်း၊ လူသားအားလုံးနှင့် အနာဂတ်မျိုးဆက် သစ်များအတွက် ခံနိုင်စွမ်းရည် ပိုမိုမြင့်မားပြီး ရေရှည်တည်တံ့သည့် ကမ္ဘာကြီးတည်ဆောက်ရာတွင် အားလုံးပူးပေါင်း အဖြေရှာရန်(All Inclusive) အချိန်တန်ပြီဖြစ်ကြောင်း သတိပြုခြင်းကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၇၇)ကြိမ်မြောက် အစည်းအဝေးကို “အရေးပါသော အပြောင်းအလဲကာလ- စိန်ခေါ်မှုများအား ဆန်းသစ် တီထွင်ပြောင်းလဲခြင်းဖြင့် ဖြေရှင်းရေး(A watershed moment: Transformative Solution to Interlocking Challenges” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း တွေ့ရပါသည်။

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုခြင်း

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး နိုင်ငံတော်အဆင့် နှစ်စဉ်အောင်မြင်စွာကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၂၁)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။ ယခုကဲ့သို့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် တိုင်းရင်းဆေး သမားတော်ကြီးများအားလုံး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများသာမက နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှုများကြောင့် ဖြစ်ပါသည်။
Subscribe to