Skip to main content

(၇၅)နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးကြီး အဓွန့်ရှည်ပါစေ

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ပြာသိုလဆန်း ၁၄ ရက် ဗုဒ္ဓဟူးနေ့ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ (၇၅)နှစ်ပြည့်မြောက် စိန်ရတုမင်္ဂလာအခါသမယဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၇၅)နှစ် မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် တနင်္ဂနွေနေ့ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့နိုင်ငံများအကြား ဝင့်ဝင့်ကြွားကြွားပေါ်ထွက်လာခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ရှိ ချက်စတာဘက်တီ စာကြည့်တိုက်ထဲက ပုဂံမင်းပုရပိုက်

အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ရှိ ဒပ်ဘလင်တက္ကသိုလ်ကကြီးမှူး၍ အရှေ့တောင်အာရှ ရှေးဟောင်းသုတေသန ပညာရှင်များဆိုင်ရာ ဥရောပအသင်း၏ (၁၄) ကြိမ်မြောက် နိုင်ငံတကာစာတမ်း ဖတ်ပွဲ (European Association of Southeast Asian Archaeologists Conference 14th International EurASEAA14)ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈-၂၁ ရက်နေ့အထိ ကျင်းပခဲ့ရာသို့ သမိုင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အနေဖြင့် သုတေသနစာတမ်းတစ်စောင် သွားရောက်ဖတ်ကြားခဲ့ပါသည်။ မိမိစာတမ်းမှာ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနသုံးခုနှင့် သုတေသနဆောင်ရွက်နေကြသောလုပ်ငန်းများအပေါ် လေ့လာသုံးသပ်သော စာတမ်းဖြစ်ပါသည်။ ဖတ်ကြားရသော ဒပ်ဘလင်တက္ကသိုလ်ကလည်း ဒပ်ဘလင်နန်းတော်ဟောင်းနေရာတွင်ပင်ဖြစ်ပါသည်။ အိုင်ယာလန်နိုင်ငံသံရုံးမရှိသောကြောင့် ပြည်ဝင်ခွင့်ဗီဇာရရှိရေးအတွက် ထိုင်းနိုင်ငံဘန်ကောက်သို့ နိုင်ငံကူးလက်မှတ်ပေးပို့ယူရခြင်း၊ transit ပြုလုပ်ရန် ဗြိတိသျှသံရုံး ဗီဇာလျှောက်ထားရခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရပါသည်။

စိန်ရတုမှသည် ကမ္ဘာတည်သရွေ့ လွတ်လပ်ရေးနေ့ပေါင်းများစွာဆီသို့ . . . . 

မြန်မာတွေ ကျွန်ဘဝမှလွတ်ကင်းပြီး သခင်ဘဝကို ပြန်လည်ရောက်ရှိခဲ့ကြသည်မှာ စိန်ရတုခရီးပင်ရှိခဲ့ပါပြီ။ လွတ်လပ်ရေးရယူစဉ်တုန်းက ကြိုးပမ်းခဲ့ကြသူတိုင်းတွင် တစ်စိတ်တည်း၊ တစ်ဆန္ဒတည်းဖြင့် လွတ်လပ်ရေးကိုအရယူမည်ဟု သန္နိဋ္ဌာန်ချခဲ့ကြပေသည်။ မျိုးဆက်သာပြောင်းခဲ့သည်။ ထိုပြင်းပြသည့် မွန်မြတ်စိတ်ထားသည် မပြောင်းလဲခဲ့ပေ။
Subscribe to