နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပါရှိသည့် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟု ဖော်ပြထားသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်က စဉ်ဆက်မပြတ် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်သည်။ နိုင်ငံတော်၏ လက်ရှိပကတိလိုအပ်ချက်အရလည်း အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးသာဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင် ပဋိပက္ခများ ထာဝရချုပ်ငြိမ်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ အထင်အရှားဖြစ်ပါသည်။