ကိန်းဂဏန်းများနောက်ကွယ်က မျက်ကွယ်ပြုခံရတဲ့ အမှန်တရား
မြန်မာနိုင်ငံအစိုးရအဆက်ဆက်ဟာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ စဉ်ဆက်မပြတ်တိုက်ဖျက်လျက်ရှိတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းမှာလည်း နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် တစိုက်မတ်မတ် နှိမ်နင်းလျက်ရှိရာမှာ ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းတွေကို တရားဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန်တိုက်ဖျက်လျက်ရှိပါတယ်။
