Skip to main content

Feb 07, 2023

နေပြည်တော်၌ ကျင်းပမည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၁/၂၀၂၂ (မန္တလေး)နှင့် တရားမအထူးအယူခံမှုအမှတ် ၉/၂၀၂၂ (မန္တလေး)၊ ၁၀/၂၀၂၂ (မန္တလေး)၊ ၁၁/၂၀၂၂ (မန္တလေး)၊ ၁၂/၂၀၂၂ (မန္တလေး)၊ ၁၃/၂၀၂၂(မန္တလေး)၊ ၁၄/၂၀၂၂ (မန္တလေး)နှင့် ၁၅/၂၀၂၂(မန္တလေး)စုစုပေါင်းရာဇဝတ်အထူးအယူခံမှုတစ်မှုနှင့် တရားမအထူးအယူခံမှု ခုနစ်မှုတို့ကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

ဘေးကင်းလုံခြုံသော အစားအစာများကို ဒေသအလိုက်ဖူလုံစွာထုတ်လုပ်နိုင်ရေးနှင့် အာဟာရပြည့်ဝသည့် အသားငါးများကို ပြည်သူများပေါပေါများများစားသုံးနိုင်ကြစေရန် နိုင်ငံတော်အစိုးရကဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့်မွေးမြူရေးကဏ္ဍတစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကနဦးရင်းနှီးမတည်ငွေအဖြစ် ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ နည်းပညာအပါအဝင် လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တက်ညီလက်ညီကြိုးပမ်း အားထုတ်ကြရန်တိုက်တွန်းပါကြောင်း ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

(၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ် ဘာသာစကားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူး ရုံးသို့ရောက်ရှိပြီး စစ်တွေမြို့တွင်အခြေပြု၍ တာဝန်ထမ်းဆောင်နေသော လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ၂၀၂၃ ခုနှစ် နှစ်ဦးကာလအတွက် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” Rusatom International Network ၏ President Mr. Vadim Titov နှင့် Rusatom Energy Projects ၏ Director General Mr. Andrey Rozhdestvin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ညနေ ၄ နာရီတွင် အလုံမြို့နယ်ရှိ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းတွင် မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ပထမပိုင်း) သင်တန်းအမှတ်စဉ် (၄၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့ ပူးပေါင်းကျင်းပသည့် နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာဖြန့်ဝေသည့် ဟောပြောပွဲအခမ်း အနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ပထမထပ်စုဝေးခန်းမ (၂) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

ကာယစွမ်းရည်၊ ဉာဏစွမ်းရည် သူတကာထက် ထူးကဲသာလွန်သူကို လူရည်ချွန်ဟုခေါ်ဆိုသည်။ တစ်နည်းဆိုလျှင် ဗလငါးတန်ထူးချွန်သူ တစ်နည်းအားဖြင့် ဘက်စုံထူးချွန်သူကို လူရည်ချွန်ဟုဆိုကြလေသည်။ ငယ်စဉ်ကာလပညာရှာမှီးနေစဉ် သူတကာတို့ထက် သာလွန်စွမ်းနိုင်သူတို့အား ရွေးချယ်ဖော်ထုတ်၍ လူရည်ချွန်အဖြစ်သတ်မှတ်ကြသည်။ လူရည်ချွန်သည် လူ့ဘောင်လောက ကြီးပွားတိုးတက်ရေးတွင် စွမ်းဆောင်နိုင်မည့်အစွမ်းအစရှိသူ လူ့အရင်းအမြစ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

မြန်မာနိုင်ငံသည် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းများနှင့် ကုန်းတွင်းပိုင်းတွင် ရေချိုမြစ်ချောင်းအင်းအိုင်များလည်း အများအပြားရှိသည့်အလျောက် ရေချိုရေငန် ငါးပုစွန်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များပေါများကြွယ်ဝသလို ပြည်တွင်းငါးစားသုံးမှုမှာလည်း မြင့်မားသည်။ အာဆီယံနိုင်ငံများအနက် ငါးစားသုံးမှု ဒုတိယအမြင့်မားဆုံးနိုင်ငံဖြစ်ပြီး ပြည်တွင်းစားသုံးမှုတွင် အသားထက် ငါးစားသုံးမှုက ပိုမိုများပြားကြောင်း စစ်တမ်းများတွင် တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co., Ltd ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ အဆိုပါစင်တာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့်အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား ၆၇၉ ဦးတို့အနက် မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ကော့သောင်းမြို့မှ အလွန်ဝေးကွာသော မိုင်ပေါင်း ၇၄၅ မိုင်ခန့်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးအား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့် ခေါ်ဆောင်လာခဲ့ရာ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ရေတပ်ဆိပ်ခံတံတား(မင်းဂံ)သို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင်ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်းအစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်