Skip to main content

လက်ဖက်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ပြီး မူပိုင်ခွင့်အကာအကွယ် ရယူကြပါစို့

လက်ဖက်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသည်။ မြန်မာလူမျိုးများ အနှစ်သက်ဆုံးသော စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဖက်အစိုကို အဓိကအသုံးပြုပြီး နိုင်ငံတကာတွင် လက်ဖက်ရည်ကြမ်းဟုခေါ်သော အခါးရည် (ရေနွေးကြမ်း) (Green Tea) အဖြစ် အသုံးများကြသည်။ သီရိလင်္ကာနိုင်ငံတွင် လက်ဖက်ကို မိရိုးဖလာရိုးရာအသိပညာကို တစ်ဆင့်မြှင့်၍ တီထွင်ဖန်တီးမှုပြုလုပ်ကာ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ပြီး မူပိုင်ခွင့်ယူခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

ဆိုရှယ်မီဒီယာ အသုံးချတတ်မယ်ဆိုရင်

၂၁ ရာစုမှာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးက လူတွေရဲ့ နေ့စဉ်လူမှုဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ။ လူသားနဲ့ဒစ်ဂျစ်တယ်ကမ္ဘာ ခွဲခြားလို့မရတော့ပါဘူး။

လတပေါင်း

မြန်မာ့ဆယ့်နှစ်လရာသီလများတွင် “တပေါင်းသာခေါင် လများနောင်” ဆိုသည့် တပေါင်းလသည် ရှေးပုဂံခေတ်တစ်လျှောက်လုံး ဝိသဇ္ဇနီ(ဝစ္စနှစ်လုံးပေါက်) မပါဘဲ “တပေါင်” ဟုသာ ရေးထိုးကြ၏။

တို့ရိုးရာသင်္ကြန် မြန်မာ့ယဉ်ကျေးမှုအမွေ ကမ္ဘာတစ်ခွင် ပျံ့နှံ့ထင်ရှားကျော်ကြားစေ

ဒီနှစ်ရန်ကုန်မှာ ပိတောက်ပန်းတွေ စောစောစီးစီးပွင့်ကြတယ်။ မတ်လနောက်ဆုံးပတ်မှာ မိုးပြေးလေးကလည်း “တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုးသင်္ကြန်မိုး” နဲ့ရောပြီး တစ်ဖြိုက် နှစ်ဖြိုက်ရွာလိုက်တော့ ပိတောက်တွေကလည်း ဝေဝေဆာဆာပွင့်လိုက်ကြတာ၊ အချို့နေရာတွေများ ဆိုပင်လုံးကျွတ်မျှပဲ။ တစ်ချက်တစ်ချက် လေပြေအဝှေ့မှာ ပိတောက်ရနံ့တွေက သင်္ကြန်အငွေ့အသက်တွေကို သယ်ဆောင်လာသလို ခံစားရတော့ စိတ်ထဲကြည်နူးလိုက်တာလွန်ပါရော။

ကိုယ့်အတွက်လည်းချန် အများအတွက်လည်းကျန်ပါစေ

လူ့အဖွဲ့အစည်းမှာ တရားမဝင်သောလုပ်ငန်း၊ ခွင့်မပြုသောလုပ်ငန်းဟူသည်မရှိစကောင်းပါ။ တရားမဝင်သည်ကို တရားဝင်အောင်လုပ်ရမည်သာဖြစ်သည်။ အထူးသဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်မြန်မာ့ဓလေ့စရိုက်နယ်ပယ်တွင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်ကို မလေးမစားပျက်ရယ်ပြုဖောက်ဖျက်သော ကျူးလွန်မှုများကြောင့် မြန်မာတို့၏ တန်ဖိုးကျဆင်းရသည့်မြင်ကွင်းများ တွေ့မြင်နေရသည်။

ကျွမ်းကျင်မှုများ ပေါင်းစပ်အသုံးချခြင်း

လျင်မြန်တဲ့ပြောင်းလဲမှုနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ အောင်မြင်မှုကို နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ ပညာရေးအရည်အချင်း သတ်မှတ်ချက်တွေနဲ့ပဲ ဆုံးဖြတ်ဖို့ မလုံလောက်တော့ပါဘူး။

ကျေးလက်လမ်းလည်း စွမ်းပါသည်

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပေါင်းလောင်း-ကြို့ပင်သာစစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါတံတားထိပ်မုခ်ဦး အနီး၌ ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ ယင်းစစ်တောင်းမြစ်ကူးတံတားသည် အရှည် ပေ ၆၀၀ ရှိပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ နေပြည်တော်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်း၊ အင်ဂျင်နီယာချုပ်များဖြစ်ကြသော ဦးကျော်ကျော်ထွေးနှင့် ဦးဇော်မိုးဦးတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ညွှန်ကြားရေးမှူး ဦးကျော်မိုးနိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်ဆွေ၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးပွင့်ဆန်းဦး၊ အငယ်တန်းအင်ဂျင်နီယာ-၄ ဦးဟိန်းမင်းသန့်တို့က ပြည်ထောင်စုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေတို့ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြသည်။ တံတားချဉ်းကပ် လမ်းနှင့် မြေကြီးတာပေါင်တင်ခြင်း၊ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများကို နေပြည်တော်တာဝန်ခံ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဇော်၊ လယ်ဝေးခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လင်းအိအိမျိုး၊ လယ်ဝေးမြို့နယ် ကျေးလက်လမ်းမှ ဦးစီးအရာရှိ ဒေါ်ထက်ခိုင်စိုး၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးဣန္ဒြေစိုးသာတို့က တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုမှာမွေး ပြည်ထောင်စုသွေးမို့ ပြည်ထောင်စုအရေးကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကြပါမည်

“လောကကို ကောင်းအောင်ပြုလုပ်ရာ၌ တစ်ယောက် နှစ်ယောက်ပြုလုပ်၍မကောင်း၊ အများနှင့်ပြုလုပ်မှ ကောင်းသည်။

လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ မူလအခြေအနေထက် သာလွန်ကောင်းမွန်စေရေး လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်မှုကြောင့် အကောင်အထည်ပေါ်လာခဲ့သည့် ကျောက်တော်မြို့နယ်

ကျောက်တော်မြို့သည် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ပါဝင်သည်။ အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဘက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့တစ်မြို့ ဖြစ်သည်။

အဖိုးတန်ရေကို ချွေတာသုံးစွဲကြပါစို့

လူတို့သည် အစာမစားဘဲ တစ်လခန့် အသက်ရှင်နေနိုင်သော်လည်း ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ရက်သတ္တပတ်) ထက်ပို၍ အသက်မရှင်နိုင်ကြပေ။ ထို့ကြောင့် ရေလိုအပ်နေသူတစ်ဦး ရေမရလျှင် ချက်ချင်းအသက်ဆုံးရှုံးနိုင်သဖြင့် “ရေအသက်တစ်မနက် ထမင်းအသက် ခုနစ်ရက်”ဟု ဆိုရိုးစကား ထွက်ပေါ်လာခြင်းဖြစ်သည်။
Subscribe to ဆောင်းပါး