Skip to main content

အပူဒဏ်ကြောင့် အပူလျှပ်ခြင်းအန္တရာယ် သတိပြုကာကွယ်

အယ်လ်နီညို၏ အကျိုးဆက်အဖြစ်ကမ္ဘာကြီးတွင် မကြုံစဖူးပူနွေးလာလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ယခုနွေရာသီကာလအပူချိန်မှာ ယခင်နှင့်မတူ ပိုမိုပူပြင်းသည့်ခံစားမှုကို ကြုံတွေ့နေရသည်။ အင်အားအသင်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့်လည်း တစ်နေ့တခြား ပိုမိုပူပြင်းလာသည်။

ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေစနစ် ထူထောင်ပေး

ကျေးရွာ၏ အိမ်ရှေ့မျက်နှာစာကွက်လပ်တွင် ပုံဖော်ထားသည့် ကွန်ကရစ်တုံးများကို စီရရီစုပုံထားသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော်လည်း အပိုဝင်ငွေရလုပ်ငန်းအဖြစ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကွန်ကရစ်တုံးထုတ်လုပ်ရောင်းချသည့်လုပ်ငန်းကို ရေဖြူမြို့ မင်းဒပ် ကျေးရွာနေပြည်သူများသည် တိုးချဲ့လုပ်ကိုင်လာကြသည်။

ထိခိုက်ဆုံးရှုံးမှုများလျှော့ချဖို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်စို့

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှုအကြိမ် ၁၇၀၀ နီးပါးဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ငွေကျပ်သန်းပေါင်း ၃၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း၊ သေဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၃ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားရှိသည်။ မီးလောင်မှုဖြစ်စဉ်အများဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃၂ ကြိမ်၊ ဒုတိယအများဆုံးအနေဖြင့် ရှမ်းပြည်နယ်တွင် ၁၈၃ ကြိမ်နှင့် တတိယအများဆုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၁၇၅ ကြိမ် ဖြစ်ပွားခဲ့သည်။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြပါစို့

ပြီးခဲ့သည့်ရက်က ဝန်ကြီးရုံးမှာ အစည်းအဝေး တစ်ခုရှိသဖြင့် ကားဖြင့်ထွက်လာခဲ့သည်။ အစည်းအဝေးက မွန်းလွဲ ၁ နာရီ ဖြစ်သဖြင့် ဇေယျာသီရိမြို့ နယ်ရှိ အိမ်မှ မွန်းတည့် ၁၂ နာရီမှာထွက်ဖြစ်သည်။ မွန်းတည့်နေက အတော်ပူသည်။ ဆီချွေတာသည့်အနေဖြင့် အဲကွန်းမဖွင့်ဘဲ မောင်းလာသည့်အတွက် တစ်ခါတစ်ရံလေပူတို့ အတိုးအဝှေ့ကြောင့် ကားမောင်းရင်း ချွေးပြိုက်ပြိုက်ကျနေသည်။

အားပေးမြှင့်တင်ရမည့် မြန်မာ့ရိုးရာချည်ထည် …

“ချည်ထည်လေးက ဝတ်လို့ကောင်းတယ်၊ အေးလည်းအေးတယ်၊ တာရှည်လည်းခံတယ်၊ ဈေးနှုန်းလည်း သက်သာတယ်၊ အပေအတေအကြမ်းလည်းခံတယ်၊ ဒါ့ကြောင့် ချည်ထည်လေးတွေကို ရှာဖွေဝယ်ယူ ဝတ်ဆင်ပါတယ်” ဟု မြန်မာချည်ထည် လေးများကိုသာ အမြဲလိုလိုဝတ်ဆင်တတ်သည့် ကျွန်တော့်မိတ်ဆွေဖြစ်သူက ရိုးရာချည်ထည်ကို သူနှစ်သက်ရသည့်အကြောင်းကို အားပါးတရရှင်းပြပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ဇနီး ဝယ်ယူဆင်မြန်းပေးထားသည့် ချည်ထည်လေးတချို့ကို တစ်ခါတစ်ရံ ဝတ်ဆင်ရသည့်အခါမှာ သဘောကျ နှစ်ခြိုက်မိသည်။

သုတ၊ ရသစာများကို လက်ခံထားရှိသော ဘဏ်တိုက်များ သို့မဟုတ် စာကြည့်တိုက်များ

မြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းက ဂန္ထဝင်မြောက်စံတင်လောက်သော ရသစာ၊ သုတစာ၊ တရားဓမ္မစာများ ရေးသားသော ရဟန်းစာဆို၊ လူစာဆို၊ နန်းတွင်း စာဆို၊ နန်းပြင်အရပ်ဘက်စာဆို၊ အမျိုးသားစာဆို၊ အမျိုးသမီးစာဆိုများ ထွန်းကားခဲ့သည်။ ဘာသာတရားဆိုင်ရာ လောကုတ္တရာစာပေ၊ ပိဋကတ်စာပေ၊ ပရိယတ်စာပေများလည်း ထွန်းကားခဲ့သည်။ စက္ကူ၊ ကလောင်တံ၊ ဖောင်တိန်၊ ခဲတံ၊ ဘောပင်မပေါ်မီကပင် ပေရွက်ပုရပိုက်၊ စက္ကူပုရပိုက်၊ သစ်သားပုရပိုက်၊ ကျောက်သင်ပုန်းများပေါ်တွင် ကညစ်တံ၊ ကံ့ကူဆံ၊ ခဲတံ၊ ကျောက်တံစသည်တို့ဖြင့် စာရေးခဲ့ကြသည်။

သီးနှံများ ပိုမိုထွက်၍ တောင်သူတွေ ဝင်ငွေတိုးနေပြီ

လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် အချိန်တိုအတွင်း ဝင်ငွေဖြစ်ထွန်းမှု ပိုမိုရရှိစေနိုင်သည်မှာ လက်တွေ့ဆန်လှပါသည်။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သီးထပ်သီးညှပ်များ ပိုမိုစိုက်ပျိုးနိုင်ပါက သီးနှံထွက်ကုန်များ ပိုမိုလာမည်ဖြစ်ပေသည်။ လယ်ယာထွက်ကုန်သီးနှံများ အထွက်နှုန်းတိုး၍ ပိုမိုထွက်ရှိလာပါက ပြည်သူများ စားရေးဖူလုံပြည့်စုံစေမည့်အပြင် ပိုလျှံသောသီးနှံများကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်မည်လည်းဖြစ်ပေသည်။

အကျိုးကျေးဇူးမျိုးစုံရရှိဖို့၊ စိုက်ပျိုးပြုစုထိန်းသိမ်းစို့

သစ်ပင်စိုက်ပျိုးခြင်းသည် ရွှေတိုက်၊ ငွေတိုက်ကို ပိုင်စိုးရသကဲ့သို့ အကျိုးကျေးဇူးအမျိုးမျိုးကို ရရှိခံစားနိုင်ပြီး သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများက သက်ရှိလောကအတွက် အလွန်ပင်အရေးပါလှသည်။ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် မျက်မှောက်ခေတ်လူသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး အနာဂတ်မျိုးဆက်များ၏ စွမ်းဆောင်ရည်ကိုလည်း မလျော့ပါးစေသည့် ဖွံ့ဖြိုးတိုးတက်မှုမျိုးဖြစ်စေရန် အထူးအရေးကြီးလှပါသည်။ စီးပွားရေးသက်သက် ဖွံ့ဖြိုးတိုးတက်စေရန်ထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစသည့် အပြန်အလှန်ဆက်စပ်နေသော ဘက်စုံကဏ္ဍစုံတစ်ပြေးညီ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းကို ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

မေလမှာ မုန်တိုင်းဝင်ရောက်နိုင်ခြေရှိခြင်း …

မုန်တိုင်းဆိုသည်မှာ အစိုးမရ၊ အလားတူမုန်တိုင်းမျိုး မေလတွင်လည်းကောင်း အောက်တိုဘာလ၊ နိုဝင်ဘာလတွင်လည်းကောင်း ဝင်လာမှာကိုစိုးရိမ်ခြင်းဖြစ်ပါတယ်။ ရာသီဥတုပုံမှန်သဘာဝအရဆိုရင် မိုးနှောင်းမုန်တိုင်းတို့ဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားစွာမပြုနိုင်ဟု ဆက်စပ်ပြောဆိုခြင်းဖြစ်ပါတယ်။

လူရည်ချွန်မှသည် အနာဂတ်တိုင်းပြည်ဆီသို့

နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် တတိယအချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူ၍ ချမှတ်ထားရှိပြီး လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးကဏ္ဍ နှစ်ရပ်စလုံးအတွက် ဗလငါးတန်တည်းဟူသော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလတို့နှင့်ပြည့်စုံသော လူငယ်များပြုစုပျိုးထောင်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး လူရည်ချွန်စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
Subscribe to ဆောင်းပါး