စိတ်ဓာတ်ကောင်းလျှင်အောင်ပွဲဆင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက်
အာဇာနည်နေ့အခါသမယရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို ယခင်ထက် ပိုအမှတ်ရမိ၊ သတိတရဖြစ်မိသည်။ ကလေးဘဝကတည်းက မစိမ်းခဲ့သည့် အာဇာနည်နေ့၊ လူတိုင်း၏ရင်ထဲတွင် ရှိနှင့်ပြီးသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရင်ထဲ နှလုံးသားထဲ အမြဲရှိသော်လည်း ဗိုလ်ချုပ်တို့ မျှော်လင့်ခဲ့ဖူးသော မျှော်လင့်ချက်များ ဖြစ်လာခဲ့ပြီလား၊ နိုင်ငံရေး၊ စစ်ရေးမျိုးဆက်အသီးသီးက လက်ဆင့်ကမ်းသယ်ယူ၊ ကြိုးစားပမ်းစား ထိန်းသိမ်းကာကွယ်ခဲ့ကြပေမယ့် လိုချင်သည့်ရည်မှန်းချက်ရောက်လိုသည့်ပန်းတိုင်ကော ရောက်ပြီလား၊ ပြန်လည်ဆန်းစစ်ရလျှင် အဝေးမှာ ကျန်ရစ်ဆဲ၊ တိုးတက်မှုတစ်လှည့် ဆုတ်ယုတ်မှုတစ်လှည့်မျှသာ။
