Jun 15, 2024
အေးချမ်းတည်ငြိမ်လျက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်/စခန်းများအား PNLO အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဝင်ရောက်တိုက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ဟိုပုံး-ဘန်းယဉ်-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းတစ်လျှောက်အား ပိတ်ဆို့၍ အဆိုပါဒေသအတွင်း အဖျက်အမှောင့် လုပ်ငန်းများအား အဆက်မပြတ် လုပ်ဆောင်ခဲ့ကြသည်။
Jun 15, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၌ ဇွန်လ ၁၄ ရက်နေ့တွင် တပ်မတော်က လူဦးရေစာရင်းကောက်ယူပြီး လူငယ်အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားကြောင်း မှန်ကန်မှုမရှိသော သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Jun 15, 2024
၁။ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက်မည့် စာဆိုဗိမာန် (Sarso Beikman ( ၁၆ဝ၊ x ၁၄ဝ၊ ) RC (၃) ထပ် အဆောက်အဦနှင့်ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၈-A)၊ မြေကွက်အမှတ်(၂၉)၊ မြေဧရိယာ(၂.၁၈) ဧကပေါ်၌ ဆောက်လုပ်ရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
Jun 15, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမဆောင်၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Jun 15, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာစက်မှုဇုန် ကနောင်ခန်းမ၌ကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သည်။
Jun 15, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရေးကိရိယာများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Jun 15, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှတွေ့ဆုံသည်။
Jun 15, 2024
လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်၊ (အင်္ဂါနေ့) “အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)” နေ့သည် အများပြည်သူအလုပ်ပိတ်ရက် ဖြစ်ပါသဖြင့် ၎င်းရက်တွင် ဘဏ်များအားလုံး ပိတ်ထားလိမ့်မည်ဖြစ်ပါကြောင်း။
Jun 15, 2024
လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်၊ (အင်္ဂါနေ့) “အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)” နေ့သည် အများပြည်သူအလုပ်ပိတ်ရက် ဖြစ်ပါသဖြင့် ၎င်းရက်တွင် ဘဏ်များအားလုံး ပိတ်ထားလိမ့်မည်ဖြစ်ပါကြောင်း။
Jun 15, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jun 15, 2024
“လူငယ်နှင့် ဖြောင့်မတ် တည်ကြည်မှု” လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) ၌ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)မှ ကျောင်းအုပ်ကြီး ဦးသန်းထိုက်အောင်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Jun 15, 2024
၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှု ရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
Jun 15, 2024
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို ပြိုင်ပွဲ” ကို ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပမည် ဖြစ်သည်။
Jun 15, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်သူများသို့ အသိပညာပေးဆိုင်းဘုတ် (Bill-board) စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း သိုက်ချောင်း လမ်းဆုံအနီး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရာက်ကြသည်။
Jun 15, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ၁၄-၆-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့ပေါ်ရှိ တွံတေး မြို့မရဲစခန်း အချုပ်ခန်းနှင့် မိဘဂုဏ်ဘိုးဘွားရိပ်သာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 15, 2024
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းတို့မှဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဆွေးနွေးတင်ပြမည့်သူများ တက်ရောက်ကြသည်။
Jun 15, 2024
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား၊ သမီးများ အား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Jun 15, 2024
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကဲ့သို့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ၊ အသစ်ဖြစ်ပေါ်လာသည့် ကူးစက်ရောဂါများ၊ အဓိကကျသည့် ကူးစက်ရောဂါများဖြစ်သော အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျား စသည့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရန်၊ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများတွင် ကျန်းမာရေးကဏ္ဍ၌ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာကျန်းမာရေးကိစ္စများ၊ တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းနှင့် သုတေသနပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။
Jun 15, 2024
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့်ပတ်သက်လျှင် မြန်မာနိုင်ငံသည် အစိုးရအဆက်ဆက်နှစ်ပေါင်းရှည်ကြာစွာ နိုင်ငံတကာ၏ စွပ်စွဲမှု၊ ပြစ်တင်မှု၊ ရှုတ်ချမှု၊ ဖိအားပေးမှုဒဏ်ကို ခံစားခဲ့ရသည်။ အမှန်တရားသည် မည်သို့ပင်ရှိစေကာမူ၊ ဖြစ်ရပ်အမှန်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက မည်သို့ပင်ရှင်းလင်းသမှုတို့ ပြုစေခဲ့ကာမူ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အရာမထင်ခဲ့။ အကျိုးစီးပွားကိုယ်စီ စွဲကိုင်ထားကြသည့် တတိယနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မီဒီယာများက မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ရှင်းလင်းချက်များကိုလည်းကောင်း လျစ်လျူရှုကာ ၎င်းတို့လိုရာကိုသာ ပုံဖော်ခဲ့ကြ သည်။ တစ်ခါတစ်ရံ အမှန်တရားတို့ ဖုံးမရဖိမရ ပေါ်ပေါက်လာလျှင်ပင် “ကျားကျား၊ မီးယပ်ပဲ” ဟူ၍ လုပ်ခဲ့ကြသည်။
Jun 14, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားတစ်ရပ်ကို ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
