Jan 12, 2023
လူတစ်ယောက်ရဲ့ စဉ်းစားဆင်ခြင်မှုတွေဟာ သူရဲ့အပြောအဆို၊ အပြုအမူတွေအပေါ် လွှမ်းမိုးနေကြပါတယ်။ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ဖို့ဆိုရင်လည်း ကိုယ့်ရဲ့စဉ်းစား ဆင်ခြင်မှုကို အခြေခံပြီး တည်ဆောက်ကြရပါတယ်။ ဒါဟာ ဘဝတစ်ခုအတွက် စဉ်းစား ဆင်ခြင်မှုရဲ့ အရေးပါမှုပဲ ဖြစ်ပါတယ်။
Jan 11, 2023
စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတွင်တည်ရှိပြီး ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယအကြီးဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်ကာ မြန်မာနိုင်ငံ၏ဒုတိယစပါးကျီဟုလည်း တင်စားရမည်ဖြစ်သည်။
Jan 11, 2023
၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့မှာ နိုင်ငံတော်က ဆက်ကပ်လှူဒါန်းအပ်နှင်းတဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများထဲမှာ တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားပြီး ဩဇာတိက္ကမကြီးတဲ့၊ ပျံလွန်တော်မူပြီးဖြစ်တဲ့ လယ်တီဆရာတော်ကြီး၊ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီးနဲ့ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ (ပါဠိ-ရိုမန်) ဆရာတော်ကြီးတွေလည်း ပါဝင်တာတွေ့ရတော့ ဝမ်းမြောက်နုမော် သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိတယ်ကွယ်။
Jan 11, 2023
ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားနေသည်မှာ သုံးနှစ်အတွင်း ဝင်ရောက်လာပြီဖြစ်သည်။ ထိုအချိန်တွင် ကိုဗစ်- ၁၉ ၏ ဆင့်ကဲဖြစ်စဉ်များကြောင့် ရောဂါပိုးမွှားဗေဒပညာရှင်များကို အခက်တွေ့စေခဲ့သည်။
Jan 11, 2023
“အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းအတွင်း ဆိုးရွားစွာ အတွင်းလှိုက်စားသော ကူးစက်ပျံ့နှံ့သည့် ကပ်ရောဂါတစ်ခုဖြစ်သည်” ဟု ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းတွင် ဖော်ပြထားသည်။ ရောဂါဆိုသည်မှာ မဖြစ်ခင် ကြိုတင်ကာကွယ်ရမည်ဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံတိုင်းအနေဖြင့် “အဂတိလိုက်စားမှုကို တားဆီးကာကွယ်ရန်ထိရောက်သည့် လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များကိုချမှတ်ရမည်” ဟု ကွန်ဗင်းရှင်းအခန်း (၂) အပိုဒ် ၅၊ အပိုဒ်ခွဲ(၂)တွင် တိုက်တွန်းထားသည်။
Jan 10, 2023
လန်ချန်းမြစ်(ခေါ် )မဲခေါင်မြစ်သည် တရုတ်နိုင်ငံမှ စတင်မြစ်ဖျားခံလာကာ အရှေ့တောင်အာရှ ငါးနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယမ်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ကမ္ဘာပေါ်တွင် ၁၂ ခုမြောက် အရှည်လျားဆုံးမြစ်ကြီးဖြစ်သည်။ မဲခေါင်မြစ်သည်မိုင် ၂၇၀၀ ကျော် ရှည်လျားပြီး အာရှတိုက်တွင်လည်း တတိယမြောက်အရှည်လျားဆုံးဖြစ်သည်။ စတင်မြစ်ဖျားခံရာ တရုတ်နိုင်ငံတွင် လန်ချန်းဟုခေါ်တွင်ပြီး ဖြတ်သန်းစီးဆင်းရာ နိုင်ငံများတစ်လျှောက်တွင် မဲခေါင်ဟုအမည်သညာတွင်သောကြောင့် အမည်နှစ်မျိုးနှင့် မြစ်တစ်စင်းဖြစ်ပေသည်။
Jan 10, 2023
ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ အစည်း(The United Nations Educational, Scientific and Cultural Organization-UNESCO)သည် ကမ္ဘာတစ်ဝန်းတွင်ရှိသော ယဉ်ကျေးမှုအမွေ အနှစ်များကို ဒေသတွင်းအဆင့်သာမက နိုင်ငံတကာကပါ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေရန် ရည်ရွယ်၍ ကမ္ဘာ့အမွေအနှစ်များကို သတ်မှတ်ပေးလျက်ရှိပါသည်။ ထိုသို့သတ်မှတ်ရာတွင် UNESCO အဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံတွင်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အောက်ဖော်ပြပါအတိုင်း အပိုင်း သုံးပိုင်းခွဲခြား၍ သတ်မှတ်ပေးလျက်ရှိပါသည်-
Jan 09, 2023
ကမ္ဘာတစ်ဝန်းရှိ ဒေသများအားလုံးသည် ၁၉၉ဝ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အကြား ပျမ်းမျှအားဖြင့် လူသားဖွံ့ဖြိုးမှုတိုးတက်လာသော်လည်း လူဦးရေ ၁ ဒသမ ၅ ဘီလီယံနီးပါးတို့မှာ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းတို့တွင် နိမ့်ကျနေခြင်းနှင့်အတူ ဆင်းရဲနွမ်းပါးမှုအခြေအနေ အမျိုးမျိုးအောက်တွင် နေထိုင်ကြရသည်။
Jan 09, 2023
အကျပ်အတည်းတွေ၊ ဒုက္ခတွေ၊ အနိဋ္ဌာရုံတွေ၊ ဖိစီးမှုတွေ၊ သံသယတွေ၊ မလုံခြုံမှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေ၊ သောကတွေနဲ့ ကမ္ဘာကြီးက မငြိမ်းချမ်း။ မငြိမ်းချမ်းမှုရဲ့ မူလအစက ရောဂါကပ်၊ နေရာအနှံ့မှာဖြစ်နေတဲ့ ကန့်သတ်စစ်။ ရောဂါနဲ့စစ်ပွဲနဲ့ပေါင်းမိတော့ စီးပွားပျက်။ စီးပွားကပ်ရဲ့အကျိုးဆက်က ဆင်းရဲမှုနဲ့အငတ်ဘေး။ အလှုပ်အယမ်းကြမ်းလွန်းတဲ့ ဗဟိဒ္ဓကမ္ဘာကြီးက အနေအထားအရ ငြိမ်းချမ်းဖို့လမ်းစ တော်တော်နဲ့မမြင်၊ မိမိအဇ္ဈတ္တအတွင်းသဏ္ဌာန်မှာ ငြိမ်းချမ်းဖို့သာအဓိကဖြစ်လာတဲ့အခါ မိမိစိတ်လေးငြိမ်းချမ်းမှုရဲ့ လမ်းစကိုသာ ရှာနေမိတော့တယ်။ တစ်ကျော့ပြန်ကိုဗစ်နဲ့ မုန်တိုင်းနှင်းထူကြားမှာ နောက်ထပ် မမြင်ချင်၊ မကြားချင်လောက်တဲ့ အနိဋ္ဌာရုံတွေကို စိတ်မချမ်းမသာဖြစ်နေသူတွေ၊ အလွန်အကျွံတွေးနေမိသူတွေ၊ စိတ်ဓာတ်ကျနေသူတွေအတွက်....
Jan 03, 2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ပြာသိုလဆန်း ၁၄ ရက် ဗုဒ္ဓဟူးနေ့ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ (၇၅)နှစ်ပြည့်မြောက် စိန်ရတုမင်္ဂလာအခါသမယဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၇၅)နှစ် မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် တနင်္ဂနွေနေ့ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့နိုင်ငံများအကြား ဝင့်ဝင့်ကြွားကြွားပေါ်ထွက်လာခဲ့ပါတယ်။
