Jul 30, 2024
ကောက်ရိုးဆိုသည်က စပါးရိတ်သိမ်းပြီး ခြွေလှေ့ကာကျန်ရှိခဲ့သော စပါးရိုးများဖြစ်သည်။ ကောက်ရိုးကို တောင်သူအများစုက တိရစ္ဆာန်အစာအဖြစ် အသုံးပြု ကြပါသည်။ အချို့ကလည်း လယ်မြေထဲတွင် မီးရှို့ပြီး မြေကြီးအာဟာရဓာတ်ရရှိအောင် ပြုလုပ်ကြပါသည်။ သို့သော် ထိုသို့မီးရှို့ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ထုတ်လွှတ်သောကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေပါသည်။ ထို့ပြင် မြေကြီးထဲရှိ အကျိုးပြု အဏုဇီဝပိုးများနှင့် သက်ရှိအများစုကို သေဆုံးနိုင်ပါသည်။ ကောက်ရိုးများကို တိရစ္ဆာန်အစာအတွက်သာမက အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်သည့်နည်းလမ်းပေါင်းစုံရှိနေသည်ကို လေ့လာတင်ပြသွားပါမည်။
Jul 30, 2024
ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG 2030) တွင် ပါရှိသော ကျန်းမာရေးကဏ္ဍနှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ်-၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝ ရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘက်စုံလွှမ်းခြုံသော လူတိုင်းလက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။
Jul 30, 2024
အပိုင်း (၂) တွင်ဖော်ပြခဲ့သော United Nations Convention Against Illicit Traffic in Narcotic Drugs and Psychotropic Substances က ထုတ်ပြန်ကြေညာထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ၃၉ မျိုး၏ တရားဝင်နှင့် တရားမဝင်အသုံးပြုမှုများကို ဆက်လက်ဖော်ပြသွားပါမည်။
Jul 29, 2024
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာအနီး မန္တလေးမြို့မှ ၂၄ မိုင် ၅ ဖာလုံခန့်အကွာတွင်တည်ရှိသည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့ အဆင့်မြင့် အရာထမ်းသင်တန်းတက်ရောက်ရန် ရောက်ရှိခဲ့သည်။ တာဝန်အရရောက်ရှိရပေမယ့် တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်မိလိုက်သည့်အချိန် တူညီဝတ်စုံများဖြင့် သက်ဆိုင်ရာသင်တန်းခန်းမများဆီ ညီညီညာညာ လျှောက်လှမ်း၍နေကြသည့် သင်တန်းသားများ၏ အားမာန်အပြည့် အသွင်အပြင်များကို မြင်လိုက်ရသည့်ခဏ စိတ်ဓာတ်တက်ကြွမှုများကို ခံစားလိုက်ရသည်။ အမှတ်မထင် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်ကို ဖတ်လိုက်မိသည့်အချိန်တွင်မူ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ ရောက်ရှိနေ ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံသယ်ပိုးထမ်းဆောင်နိုင်ရေး ရောက်ရှိနေရခြင်းဟု ယုံကြည်လိုက်မိသည့်အခါ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရင်ခွင် ခိုဝင်ခွင့်ရသည်ကိုပင် ဂုဏ်ယူလိုက်မိသည်။
Jul 29, 2024
မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ အသက်(၁၈)နှစ်မပြည့်သေးသောသူများကို ကလေးသူငယ်ဟု ခေါ်ဆိုသည်။ ကျန်းမာရေးရှုထောင့်အရ ကလေးတစ်ယောက်အတွက် အသက်သုံးနှစ်မှ ရှစ်နှစ်အရွယ်ကလေးဘဝသည် အလွန်အရေးကြီးသည်။ ထိုအရွယ်များသည် ကလေးများ၏ အနာဂတ်ကျန်းမာရေးကြီးထွားခြင်းနှင့် ဖွံ့ဖြိုးခြင်းတို့၏ အခြေခံများဖြစ်သည်။ ကလေး ပြုစုစောင့်ရှောက်သူများ၏ ဂရုစိုက်မှု၊ ချစ်ခင်ကြင်နာမှု၊ အားပေးခံရမှုနှင့် နိုးကြားအောင် ပြုလုပ်ပေးမှုတို့နှင့်အတူ အာဟာရဓာတ်များ ပြည့်ဝစွာစားသောက်ရခြင်း၊ ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုများရရှိခဲ့ပါက ကလေးသူငယ်များသည် လျင်မြန်စွာဖွံ့ဖြိုးပြီး ပို၍မြန်ဆန်စွာ သင်ယူနိုင်သည်။ ကလေးဘဝအရွယ်တွင် ဂရုစိုက်မှုနှင့် ကြင်နာမှုများရရှိခြင်းသည် ကလေးကိုရှင်သန်ကြီး ထွားစေသည်။ ထို့ပြင် ကလေးကို ပွေ့ချီထွေးပိုက်ခြင်း၊ စကားပြောခြင်း၊ ချော့မြှူခြင်းတို့သည် ကလေးကို ကြီးထွားမှုဖြစ်စေပြီး စိတ်ခံစားမှုကို ဖွံ့ဖြိုးတိုးတက်စေသည်။ လသားအရွယ်များအတွက် မိခင်နို့ကိုဆာတိုင်းတိုက်ကျွေးပေးခြင်းသည် ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုရရှိစေသည်။
Jul 29, 2024
ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG 2030) တွင် ပါရှိသော ကျန်းမာရေး ကဏ္ဍနှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ်-၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝ ရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘက်စုံလွှမ်းခြုံသော လူတိုင်းလက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။
Jul 29, 2024
ထိုင်းနိုင်ငံတွင် သမဝါယမစနစ်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်၊ ၁၉၁၅ ခုနှစ်ဝန်းကျင်ကတည်းက စတင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် ပထမဆုံးသော သမဝါယမ အသင်း Wat Chan Cooperative Unlimited Liability ကို Phitsanulok ၌ အစိုးရက ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အကြွေးမဆပ်နိုင်သည့် တောင်သူများအား အကူအညီပေးနိုင်ရန် ကျေးရွာချေးငွေသမဝါယမအသင်းငယ်လေးတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးဖူလုံမှုမှတစ်ဆင့် ကုန်သွယ်နိုင်မှုအဆင့်အထိ စီးပွားရေးလုပ်ငန်းများ တိုးတက်လာအောင် ရည်ရွယ်ခဲ့ပြီးသမဝါယမစနစ်တွင် စိုက်ပျိုးရေး၊ ချေးငွေနှင့် ဝန်ဆောင်မှုကဏ္ဍများပါ ပါဝင်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
Jul 29, 2024
အဂတိလိုက်စားမှုသည် အများပြည်သူလူထုတစ်ရပ်လုံးအတွက် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍအသီးသီးတို့ကို တည်ဆောက်ပဲ့ပြင်ကြရာ၌ လေးနက်တည်ကြည်စွာ မပြုလုပ်ပါက အတိဒုက္ခဖြစ်စေသည့် ဘေးအန္တရာယ်ကြီးတစ်ရပ်ဖြင့် ရင်ဆိုင်ရဖွယ်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးရေးသားဖွင့်ဆိုနေကြသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ အဂတိလိုက်စားခြင်းသည် အဂတိလိုက်စားခဲ့သည့် ပုဂ္ဂိုလ်သာမက ယင်း၏အဖွဲ့အစည်းများကိုယ်တိုင်ပင်လျှင် ဘေးအန္တရာယ်အဘယ်မျှကြီးမားနေကြောင်း တွေ့ကြုံကြရမည်ဖြစ်ပါသည်။
Jul 28, 2024
လူသားတွေဟာ ရလာတဲ့ဘဝတစ်ခုကို ရှင်သန်ရပ်တည်နိုင်ဖို့ အလုပ်တွေလုပ်နေကြပါတယ်။ လုပ်နေတဲ့အလုပ်တွေမှာ ဘာအလုပ်ကိုပဲလုပ်လုပ်၊ အမျိုးအစားတွေ ဘယ်လိုကွဲပြားပါစေအလုပ်ရဲ့အဖြေက အမှန်နဲ့အမှားဆိုတဲ့ နှစ်မျိုးပဲရှိပါတယ်။ အမှန်ဆိုတာ မမှားယွင်းသော၊ မလွဲသော၊ ဖြောင့်မတ်သော၊ အစဉ်အမြဲအတိုင်းဖြစ်သောလို့ခေါ်ပြီး အမှားဆိုတာ မမှန်ကန်သော၊ အမှန်ရဲ့ဆန့်ကျင်ဘက်ဖြစ်သော၊ ယွင်းသောလို့ မြန်မာအဘိဓာန်မှာ မှတ်သားဖူးပါတယ်။
Jul 28, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်းမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါသည်။ ထိုသို့ လျာထားဆောင်ရွက်လျက်ရှိသည်ကို တချို့က လက်ရှိဖြစ်ပျက်နေသည့် အခြေ အနေများကိုအခြေခံပြီး ထွက်ပေါက်တစ်ခုအဖြစ် ပြောဆိုရှုမြင်နေသည်ကိုလည်း တွေ့မြင်ရပါသည်။ အဘယ်သို့သောအခြေအနေကို အခြေခံပြီး ထွက်ပေါက်အဖြစ် ရှုမြင်နေကြသည်ကိုတော့ မပြောတတ်ပါ။ “ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးမည်” ဆိုသည့်စကားရပ်သည် ယခုကာလမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလာခြင်းမဟုတ်ဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး၌ နိုင်ငံတော်၏ ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်၏တာဝန်များကို ခေတ္တထိန်းသိမ်းပေးရန် လွှဲပြောင်းပေးစဉ်ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် “နိုင်ငံတော်တွင် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရ နိုင်ငံရေးပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။
