Sep 16, 2024
ကျွန်ုပ်တို့နေ့စဉ်ထိတွေ့နေရသော ထိုနေရောင်ခြည်တွင် လူကိုထိခိုက်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည်များ ပါဝင်လျက်ရှိသည်။ ထိုခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ကာကွယ်ပေးလျက်ရှိသည့် သဘာဝဒိုင်းကြီးမှာ အိုဇုန်းလွှာပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းများသည် အိုဇုန်းလွှာပါးလွှာမှုအပေါ် အလေးထား၍ စုပေါင်းကာကွယ်စောင့်ရှောက်လျက်ရှိရာ လာမည့်ဆယ်စုနှစ်ကာလအတွင်း အိုဇုန်းလွှာပြန်လည်နာလန်ထူလာတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) တို့ ပူးပေါင်းအကဲဖြတ်သုံးသပ်ထားသည်။
Sep 16, 2024
၂၁ ရာစု နေထိုင်မှုပုံစံအရ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ အလွန်များပါတယ်။ အသင့်စားအစားအသောက်များ ပေါများလာခြင်း၊ ကိုယ်ခန္ဓာကို အသုံးပြုလုပ်ရတဲ့ အလုပ်အကိုင်တွေထက် ကွန်ပျူတာရှေ့ထိုင်ပြီး လုပ်ကိုင်ရတဲ့အလုပ်တွေ ပေါများလာခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းလာခြင်းတို့ကြောင့် ရောဂါဘယထူပြောလာကြပါတယ်။
Sep 14, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်သည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဖြစ်ပါသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “အားကစားအတွက် အမြဲကူညီရှေးဦးပြုစုခြင်းအသင့်ရှိသည် - First Aid and Sports Ready, Set, Respond” ဖြစ်သည်။ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို ရှေးဦးသူနာပြုစုခြင်း၏ အရေးပါပုံကို သတိပြုမိစေရန်၊ အခြေခံရှေးဦးသူနာပြုစုနည်းများကို လေ့လာရန်အတွက် အဖိုးတန်အရင်းအမြစ်များ ပိုမိုပံ့ပိုးပေးနိုင်ရန်နှင့် လူတစ်ဦးချင်းစီအား ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းတွင် ရှေးဦးသူနာပြုစုသူများဖြစ်လာစေရန် လှုံ့ဆော်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
Sep 14, 2024
မြန်မာ့စာတတ်မြောက်မှုအစ မိတ္ထီလာကဆိုတာ သိကြသလားဟု မေးရာသိပါသည်တဲ့။ မြန်မာ့စာမတတ်သူပပျောက်ရေးလှုပ်ရှားမှုသည် ကမ္ဘာ့စာမတတ်သူပပျောက်ရေးဆောင်ရွက်မှုထက် နှစ်နှစ်စောသည်ကို သိပါသလား။ တကယ်တော့ “အ”သုံးလုံးကျေလုပ်ငန်း ဆောင်ရွက်ရာတွင် မြန်မာပြည်၌ မိတ္ထီလာက (၅)ကြိမ် “ပထမ”ဆွတ်ခူးခဲ့တာကိုရော သိကြလားဆိုတော့ အသံတိတ်သွားကြသည်။ တကယ်မသိတာလားဆိုတော့မှ “မသိပါ”တဲ့။
Sep 13, 2024
လူနှင့်တိရစ္ဆာန်တို့၏ အဓိကကွာခြားချက်မှာ တိရစ္ဆာန်လောကတွင် ဆရာကြီးတင်မိုးရေးဖွဲ့သလို “တို့စာ” ဟု ညွှန်းရလောက်အောင် “စာပေ”ဟူသည်မရှိပေ။ စာပေမရှိ၍ စာလည်းမဖတ်တတ်ကြပေ။ လူသားမှန်လျှင် စာပေများရှိသဖြင့် စာပေတစ်မျိုးမျိုးကို ဖတ်တတ်ကြသည်။ လူဖြစ်ပြီး စာမဖတ်တတ်လျှင် လူ၏ရုပ်သဏ္ဌာန်သာရှိပြီး တိရစ္ဆာန်အသိဉာဏ်လောက်သာပိုင်ဆိုင်သည့် လူသားဖြစ်သွားပေလိမ့်မည်။
Sep 13, 2024
သစ်တောများသည် ကမ္ဘာ့ကုန်းနေဇီဝမျိုးစုံမျိုးကွဲ ၈၀ ရာခိုင်နှုန်း၏ ခိုလှုံရာဖြစ်ပြီး သစ်ပင်မျိုးစိတ်ပေါင်း ခြောက်သောင်းကျော် ပါဝင်လျက်ရှိသည်။ ကမ္ဘာ့လူဦးရေ ၁ ဒသမ ၆ ဘီလီယံခန့်သည် အစားအစာ၊ ခိုလှုံစရာ၊ စွမ်းအင်၊ ဆေးဝါးများနှင့် ဝင်ငွေအတွက် သစ်တောများအပေါ် တိုက်ရိုက်မှီခိုလျက်ရှိပြီး လူဦးရေ ၃၃ သန်းအတွက် အလုပ်အကိုင် ဖန်တီးပေးလျက်ရှိသည်။ ကမ္ဘာ့စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုများ၏ ၅၀ ရာခိုင်နှုန်းကျော်သည် ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဆက်စပ်လျက်ရှိသည်။ သစ်တောများနှင့် ဂေဟစနစ်များမှ ပံ့ပိုးသော ဘက်စုံအကျိုးကျေးဇူးများသည် သက်ရှိလောကတည်မြဲရေး အတွက်လည်းကောင်း၊ ကျေးလက်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း အလွန်အရေးပါလှသည်။
Sep 12, 2024
နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်သည်။ ၁၉၉၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးက အိုဇုန်းလွှာ ပါးလွှာလာမှုကို ဖြစ်ပေါ်စေသည့်အရာဝတ္ထုများ အသုံးပြုမှုကို ကာကွယ်ပေးသည့် မွန်ထရီရယ်ပဋိညာဉ် လက်မှတ်ရေးထိုးခဲ့သည့် ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
Sep 12, 2024
တရားသောစစ်မူသဘောတရား(Just War Theory)အရ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်လွတ်လပ်မှုကို ထိပါးနှောင့်ယှက်လာတဲ့အခါမှာ အဲဒီနိုင်ငံအနေနဲ့ ကာကွယ်ခုခံနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒီမူသဘောတရားကပဲ နိုင်ငံတစ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နိုင်ငံရေးလွတ်လပ်မှုကို မပြိုကွဲမပျက်စီးစေဖို့အတွက် ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးကို ခွင့်ပြုထားတာပဲဖြစ်ပါတယ်။
Sep 11, 2024
လက်ရှိအချိန်တွင် လူကုန်ကူးမှုသည် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုပြီးလျှင် တတိယမြောက် အများဆုံးရာဇဝတ်မှုဖြစ်သည်။ နှစ်စဉ် တရားမဝင်လူကုန်ကူးခံရသူ သန်း ၂၀ ခန့် ရှိပြီး ထိုလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ခန့်ရရှိနေကြသည်။
Sep 11, 2024
တစ်ဦးတစ်ယောက်ကောင်းလုပ်ဆောင်မှုနဲ့ အများနဲ့ပူးပေါင်းလုပ်ဆောင်မှုဆိုတဲ့ နှစ်မျိုးအကြား ဘယ်ဟာက ပိုကောင်းလဲဆိုတဲ့ မေးခွန်းကတော့ အင်မတန်မှကို စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ “တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ” ဆိုတဲ့စကားအတိုင်း လူ့သမိုင်းတစ်လျှောက်မှာ သူရဲကောင်း၊ တစ်ကိုယ်တော် စွမ်းဆောင်မှုတွေကြောင့်လည်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လူ့အဖွဲ့အစည်းဟာ ပိုပြီးစုစည်းလာသလို ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့လာတာနဲ့အမျှ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့နဲ့စုပေါင်းလုပ်ဆောင်မှုဟာ တစ်ဦးတစ်ယောက်ကောင်း စွမ်းဆောင်မှုထက် ပိုမိုထိရောက်မှုရှိတယ်ဆိုတာ သိရှိလာပါတယ်။
