ချစ်ကြည်သံများပဲ့တင်ထပ်နေသော ရုရှား- မြန်မာဆက်ဆံရေး
စာပေနယ်၊ စာနယ်ဇင်းနယ်တွင် အချိန်ပြည့်လုပ်ကိုင်နေသောကာလ၌ ပြည်ပသို့သွားရောက် လေ့လာခွင့်၊ ပါဝင်တက်ရောက်ခွင့်များရရှိခဲ့သည်။ ကျွန်တော်၏ ပထမဆုံးသော ပြည်ပခရီးစဉ်မှာ ၁၉၅၈ ခုနှစ် အောက်တိုဘာလအတွင်း ဆိုဗီယက်ပြည်ထောင်စု(ရုရှား)၌ ပထမဆုံးအကြိမ်ကျင်းပသော အာရှ-အာဖရိက စာရေးဆရာများညီလာခံသို့ တက်ရောက်ရသော ခရီးဖြစ်သည်။
