Skip to main content

မကြာမီ ပြီးပါတော့မည်

“မင်းတို့သိချင်လည်းသိမယ်။ မသိရင်လည်းမသိဘူး။ တကယ်တော့ တော်လှန်ရေးတစ်ရပ် အောင်မြင်တယ်ဆိုတာ (၁) ပြည်သူလူထု သို့မဟုတ် အလုပ်သမား၊ လယ်သမား လူတန်းစားတစ်ရပ်အတွက် တိုးတက်ကောင်းမွန်စေရမယ်ဆိုတဲ့ မွန်မြတ်တဲ့ ဦးတည်ရည်ရွယ်ချက် ရှိရပါတယ်။ (၂) အခုမင်းတို့ရဲ့ လက်နက်ကိုင်တိုက်ပွဲက ပြည်သူတစ်ရပ်လုံးအတွက် အကျိုးစီးပွားလည်းမပါသလို ငါတို့တိုင်းပြည်ရဲ့ အဓိကစိုက်ပျိုးရေးထုတ်ကုန်ကို လုပ်ဆောင်နေကြတဲ့ တောင်သူလယ်သမားအတွက် အကျိုးစီးပွားတိုးတက်ရေးလည်း ရည်ရွယ်ချက်ထဲမှာ တိတိကျကျ မပါဘူး”

ကလေးသူငယ်များ အကြမ်းဖက်မှုမခံရစေရေး အားလုံးဝိုင်းဝန်းကူညီပေး

နေ့စဉ်ကမ္ဘာကြီးပေါ်ရှိ သန်းပေါင်းများစွာ ကလေးသူငယ်များသည် အကြမ်းဖက်ခံနေရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်း၊ လျစ်လျူရှုပစ်ပယ်ခံနေရခြင်း၊ ခေါင်းပုံဖြတ်ခံနေရခြင်းများကို ပုံစံအမျိုးမျိုးဖြင့် ခံစားနေရပါသည်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ အမှတ်တံဆိပ်များကို အကာအကွယ်ရယူခြင်းနှင့် အမှတ်တံဆိပ်မူပိုင်ခွင့်ချိုးဖောက်မှုများကို အရေးယူခြင်း

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ရောက်လာပြီဖြစ်၍ ယင်းဥပဒေအရစွဲဆိုမှုများ၊ အငြင်းပွားမှုများလည်း တိုးပွားလာမည်ဖြစ်ပါသည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေးပိုင်ရှင်များအနေဖြင့် မိမိတို့၏အခွင့်အရေးကို ကာကွယ်ရန်လိုအပ်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း အခြားသူ၏အမှတ်တံဆိပ်အခွင့်အရေးကို ချိုးဖောက်ရာမရောက်အောင် သတိပြုရန်လိုအပ်မည်ဖြစ်၍ ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များမှ သိမှတ်ဖွယ်ရာများကို ကောက်နုတ်တင်ပြအပ်ပါသည်။

အနာဂတ်အတွက် အရင်းအနှီးကောင်းများဖြစ်သည့် လူငယ်ကဏ္ဍမြှင့်တင်စို့

လူငယ်ဟူသည် အနာဂတ်အတွက် အရင်းအနှီး ကောင်းများဖြစ်သည်။ ယနေ့ကာလတွင် လူငယ်များကို အကောင်းဆုံးပြုစုပျိုးထောင်ပေးလျက်ရှိသည်။ ရုပ်ရည်လှပခြင်းထက် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းဟူသော စိတ်အလှကို မွေးမြူထားရမည်ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတို့သည် လူငယ်တို့၏ အရည်အချင်းပေါ်တွင် မူတည်သည်။ ပညာတတ်သော်လည်း ကိုယ်ကျင့်တရားချို့ယွင်းသူ၊ ကိုယ်ကျင့်တရားကောင်းမွန်သော်လည်း ပညာရေးတွင် ချို့တဲ့သူမဖြစ်အောင် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်စုံပညာရေးကို ကျင့်သုံးလျက်ရှိသည်။

အလှူဒါန ပြုကြသူငှာ

ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ကွက်ဓမ္မာရုံက ဆွမ်းအောင်ပွဲအဖြစ် လှူဒါန်းကျွေးမွေးတဲ့ စတုဒိသာအလှူပွဲလေးတစ်ခုကို ကျွန်မတကူးတကသွားစားဖြစ်တယ်။ တကူးတကဆိုတာကဓမ္မာရုံက ရင်းနှီးတဲ့ဓမ္မမိတ်ဆွေတွေက ဆက်ဆက်ကြွလှမ်းခဲ့ဖို့မှာလို့ပါ။ ညနေပိုင်းကျွန်မရောက်တဲ့အချိန်မှာ အကျွေးအမွေးကစနေပြီ။ စတုဒိသာဆိုတဲ့အတိုင်း အရပ်လေးမျက်နှာက လူကြီး၊ လူငယ်၊ ကလေးတွေကအစ လက်လုပ်လက်စား၊ ဆိုက်ကားဆရာတွေအဆုံး လူတန်းစားမရွေး အားရပါးရစားသောက်နေကြတာတွေ့ရတယ်။

ဆီးချိုသွေးချိုအန္တရာယ်ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့

ကမ္ဘာ​ပေါ်တွင် ဆီးချို​သွေးချို​ရောဂါသည် ကပ်​ရောဂါတစ်ရပ်အ​နေဖြင့် ဖြစ်ပွားလျက်ရှိသော ပြည်သူ့ကျန်းမာ​​ရေး အဓိကပြဿနာတစ်ရပ်ဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါကြောင့် ခန္ဓာကိုယ်၏ သွေးကြောငယ်များထိခိုက်ကာ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောများပျက်စီး၍ ခြေလက်ထုံနာကျင်နာဖြစ်ခြင်း၊ ဆီးချိုနှင့် ယင်း၏ဆက်နွှယ်နေသော သွေးတိုး၊ သွေးတွင်း အဆီဓာတ်များခြင်းတို့ကြောင့် သွေးကြောကြီးများထိခိုက်ကာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ ခံစားရပါသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါသည် အခြားမကူးစက်နိုင်သောရောဂါများဖြစ်သည့် လေဖြတ်လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါများနှင့် နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့နှင့် တွဲဖြစ်လျက်ရှိသည်ကို တွေ့ရပါသည်။

De-dollarization နှင့်အတူ…

De-dollarization ဆိုသည်မှာ ကမ္ဘာ့ကုန်သွယ်ရေး၊ ငွေကြေးလည်ပတ်စီးဆင်းမှုတို့တွင် ဒေါ်လာအစား အခြားသောငွေကြေးစနစ်များကို ပြောင်းလဲကျင့်သုံးခြင်းဖြစ်စဉ် ဖြစ်ပါသည်။ ယင်းဖြစ်စဉ်တွင် နိုင်ငံသုံးငွေကြေး၊ ပြည်တွင်းငွေပေးချေမှုနှင့် အရန်ငွေကြေးစနစ်တို့ကို ပြောင်းလဲပြင်ဆင်ကျင့်သုံးခြင်းတို့ ပါဝင်နေပါသည်။

“မုန်း”ကို အမြဲပြုံးစေချင်ပြီ

တစ်နေ့သောရုံးပိတ်ရက်တွင်- စာရေးသူသည် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်၌ ဆံပင်ညှပ်နေပါသည်။ အချိန်မှာ နံနက်ခင်း၊ နေရောင်နုနုသည် စိမ်းစိုသောသစ်ပင်၊ သစ်ရွက်များအပေါ်တွင် ပြေပြေလေး လှပစွာတောက်ပလျက်ရှိသည်။

ဘရူနိုင်းနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်ချက်များအား လေ့လာခြင်း

ဘရူနိုင်းဒါရုဆလမ်နိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၂၂၆ မိုင် ကျယ်ဝန်းပြီး အရှေ့တောင်အာရှအတွင်း ဘော်နီယိုကျွန်း၏ မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။ ဘရူနိုင်းသည် ဘော်နီယိုကျွန်းပေါ်တွင် တစ်နိုင်ငံလုံးရှိသော တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ကျန်ရှိသောကျွန်း၏နယ်မြေများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ပိုင်ဆိုင်သည်။

ဆီးချိုသွေးချိုအန္တရာယ်ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့

ကမ္ဘာ​ပေါ်တွင် ဆီးချို​သွေးချို​ရောဂါသည် ကပ်​ရောဂါတစ်ရပ်အ​နေဖြင့် ဖြစ်ပွားလျက်ရှိသော ပြည်သူ့ကျန်းမာ​ရေး အဓိကပြဿနာတစ်ရပ်ဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါကြောင့် ခန္ဓာကိုယ်၏ သွေးကြောငယ်များထိခိုက်ကာ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောများပျက်စီး၍ ခြေလက် ထုံနာကျင်နာဖြစ်ခြင်း၊ ဆီးချိုနှင့် ယင်း၏ဆက်နွှယ်နေသော သွေးတိုး၊ သွေးတွင်း အဆီဓာတ်များခြင်းတို့ကြောင့် သွေးကြောကြီးများထိခိုက်ကာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ ခံစားရပါသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါသည် အခြားမကူးစက်နိုင်သောရောဂါများဖြစ်သည့် လေဖြတ်လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါများနှင့် နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့နှင့် တွဲဖြစ်လျက်ရှိသည်ကို တွေ့ရပါသည်။
Subscribe to ဆောင်းပါး