Skip to main content

နေပြည်တော်၏ ဒေသဆိုင်ရာအချက်အလက်များ

Submitted by admin on 29 June 2020

*ဇေယျာသီရိမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ*

ဒေသသမိုင်းအကျဉ်း


ဇေယျာသီရိမြို့နယ်အား ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၆-၃-၂၀၀၉) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် နေပြည်တော်(၅)မြို့နယ်ကို စတင်ဖွဲ့ စည်းရာတွင်ပါ၀င်ခဲ့ပါသည်။ဖွဲ့စည်းစဉ်က ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၁၃)အုပ်စု၊ ကျေးရွာ(၆၆)ရွာဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန၏ (၂၂-၁၀-၂၀၁၀) ရက်စွဲပါစာအမှတ်၊ ၂၀၀/၃၁-၁/ဦး၁ဖြင့် ကျေးရွာအုပ်စု(၂)အုပ် စုမှ ပြည်ထဲရေး၀န်ကြီးဌာန အမည်မပေါက်သေးသော ကျေးရွာ(၈)ရွာအား တိုးချဲ့ခြင်း၊ ငုတ်ချောင်းကျေးရွာအုပ်စုနှင့် ကျေးရွာ(၃)ရွာမှာ မြေပြင်တွင် မရှိ ခြင်းတို့ကြောင့် ပယ်ဖျက်ခဲ့ပြီး ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ကျေးရွာ(၅၈)ရွာဖြင့် ပြန်လည်ဖွဲ့စည်း ခဲ့ပါသည်။ ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၀-၁-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၂၀၀/၂၃-၁၅၄/ဦး၁ ဖြင့် ပျဉ်းမနားမြို့နယ်မှ ကျေးရွာအုပ်စု (၂)ခုနှင့်၊ ကျေးရွာ(၇)ရွာ တိုးချဲ့ဖွဲ့စည်း ခြင်းတို့ကြောင့် ယခု အခါ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာ(၆၆)ရွာ ဖြင့်ဖွဲ့စည်းထားရှိပါသည်။

မကွေးတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များ

Submitted by admin on 29 June 2020

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာအချက်အလက်အကျဉ်း

ဒေသသမိုင်းအကျဉ်း

            ရှေးယခင်က မကာရအရပ်ဒေသဟု ခေါ်တွင်ခဲ့ပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းခြေ မြစ်ကွေ့နေရာ တည်ရှိခဲ့သဖြင့် မြစ်ကွေ့ဟူ၍လည်းကောင်း၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ မြသားသလွန်ကို ကိုယ်စားတော်အဖြစ် ကိုးကွယ်ပူဇော်ရန် ပေးအပ်ခြင်းခံခဲ့ရသော ဘောသော၊ ဘောကျော် ဘီလူးညီနောင်တို့သည် လူသားဘဝသို့ ရှောက်ရှိလာကြသောအခါ မူလဘဝဟောင်းမှ ဇာတိမာန်စွယ်မာနတရားတို့သည် ဤမကာရအရပ်၌ အရိုင်းစိတ်သွေးမရှိကင်းဝေး၍ မာန်မာန ကျိုးနွံလာရခြင်းကြောင့် မာန်ကွေးဟူ၍လည်းကောင်း ခေါ်တွင်ခဲ့ရာမှ ကာလရွေ့လျားပြီး မကွေးဟု ခေါ်တွင်ခဲ့ပါသည်။

            ၁၉၇၂ ခုနှစ်အထိ မကွေးတိုင်းတွင် ပခုက္ကူခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်တို့ ပါဝင်သည်။ ၁၉၇၂ အုပ်ချုပ်ရေးစနစ်ပြောင်းလဲသည့်အခါ မကွေးတိုင်း၏ ဖွဲ့စည်းပုံကို ပြောင်းလဲ လိုက်သည့်အတွက် ခရိုင် (၅)ခု၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ မြို့နယ် (၂၅) မြို့နယ်၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်၊ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်တို့ ဖွဲ့စည်းခဲ့ ပါသည်။ ၂၀၁၄ ခုနှစ်တွင် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ ကျောက်ထုမြို့ကို ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် မင်းဘူးခရိုင်မှ ဆင်ဖြူကျွန်းမြို့၊ ပခုက္ကူခရိုင်မှ ကမ္မမြို့၊ ဂန့်ဂေါခရိုင်မှ ကျောက်ထု မြို့နှင့် ကျောမြို့တို့ကို ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် မကွေးခရိုင်မှ စလေမြို့နှင့် ပခုက္ကူခရိုင်မှ မြစ်ခြေမြို့တို့ကို ဖွဲ့စည်းခဲ့ပါသည်။

တန်ခူးလနှင့် သင်္ကြန်ပွဲတော်

ပူပြင်းလှသော နွေအပူရှိန်အောက်တွင် မြန်မာတို့၏စိတ်နှလုံးကိုအေးမြစေသည့် တန်ခူးလအခါသမယသည် မြန်မာ့ဆယ့်နှစ်လရာသီ၏ အစဦးဖြစ်သကဲ့သို့ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ကာ နှစ်သစ်သို့ကူးပြောင်းသည့် မင်္ဂလာရှိသော အချိန်ကာလလည်း ဖြစ်ပါသည်။ တန်ခူးလ၏ ထူးခြားချက်မှာ သဘာဝတရား၏ အလှတရားများဖြစ်သော ပိတောက်ရွှေဝါတို့ ဖူးပွင့်ဝေဆာခြင်းနှင့်အတူ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာ ကြီးမားလှသည့် မဟာသင်္ကြန်ပွဲတော်ကြီးကို ခမ်းနားထည်ဝါစွာ ကျင်းပခြင်းပင်ဖြစ်သည်။

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်အကြောင်း Talk Show ပြုလုပ်

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်အကြောင်း Talk Show ပြုလုပ် လမ်းမတော် ဧပြီ ၁၃ မြို့နယ် (ပြန်/ဆက်)

စိုက်ပျိုးရေးအင်အားဖြင့် နိုင်ငံတော်စီးပွားကို မြှင့်တင်ခြင်းနှင့် သဘာဝမြေဩဇာအသုံးချမှု ကဏ္ဍသစ်ဆီသို့ …

မြန်မာနိုင်ငံ၌ ရှေးပဝေသဏီကပင် စိုက်ပျိုးရေးကိုအခြေခံပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နေသည့်အားလျော်စွာ “စိုက်ပျိုးရေးက နိုင်ငံ၏အသက်သွေးကြော”ဟုဆိုလျှင် မမှားနိုင်ပေ။ ခေတ်အဆက်ဆက်ပြောင်းလဲလာသော ကမ္ဘာ့စီးပွားရေး ရေစီးကြောင်းတွင် နိုင်ငံ၏ ရေမြေတောတောင် သယံဇာတများကို ထိရောက်စွာအသုံးချလျက် စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် စားရေရိက္ခာဖူလုံမှုကို ခိုင်မာစေသည့် အဓိကသော့ချက်ဖြစ်သည်။

မဟာသင်္ကြန်

‘သင်္ကြန်’ဟူသည် သက္ကတဘာသာ ‘သင်္ကရန္တိ’မှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘ကူးပြောင်းခြင်း’ ဟု အဓိပ္ပာယ်ရသည်။ သက္ကရာဇ် ဦးခေါင်းပြောင်းခြင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်း၊ တနင်္ဂနွေဂြိုဟ်(နေမင်း) မိန်ရာသီအဆုံးမှ မိဿရာသီအစသို့ ကူးပြောင်းခြင်း စသည်ဖြင့် သင်္ကြန်၏အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ မြန်မာရိုးရာ အတာသင်္ကြန်အကြောင်း အသိပညာပေး (Talk Show) ပြုလုပ်

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ မြန်မာရိုးရာ အတာသင်္ကြန်အကြောင်း အသိပညာပေး (Talk Show) ပြုလုပ် ကြံခင်း ဧပြီ ၁၂ ဖြိုးဝေလင်း(ပြန်/ဆက်)
Subscribe to