Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေရိပ်သာ(Recreation Centre) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီတည်ဆောက်ပြီးစီးရေး မှာကြားပြီး တက္ကသိုလ်‌ဘောလုံးကွင်းများ အဆင့်မြှင့်တင်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်‌ဆေးသည်။

ထို့နောက် ရန်ကုန်ပညာ‌‌ရေး တက္ကသိုလ်သို့ရောက်ရှိရာ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယဌာနမှူး(အင်ဂျင်နီယာ)တို့က အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်မည့် အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လျာထားနေရာကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး‌သည် တာဝန်ရှိသူများနှင့်အတူ ပြည်၊ ပုဂံ၊ တကောင်း၊ သံပျင်၊ အမရာ အဆောင်များနှင့် အားကစားကွင်းများ လျာထားနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်‌ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်