နိုင်ငံစီးပွားဖွံ့ဖြိုးဖို့ တရားမဝင်ကုန်သွယ်မှုများတိုက်ဖျက်စို့
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးစွမ်းအား မြင့်မားတိုးတက်ရေးကို အားပေးကူညီဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ်တွင် မူတည်လျက်ရှိပါသည်။
