နိုင်ငံ့အရေးဆောင်ရွက်မည့် နိုင်ငံရေးသမားများဖြစ်ရန်လိုသည်
ဒီမိုကရေစီအခြေခံထားသော လူ့အဖွဲ့အစည်းတိုင်းတွင် နိုင်ငံရေးသမား၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။ နိုင်ငံရေးသမားများသည် ပြည်သူများကို ကိုယ်စားပြု၍ နိုင်ငံ၏ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံရေးသမားကောင်းသည် ရွေးကောက်ပွဲများတွင် အနိုင်ရရှိခြင်းတို့ထက် ပိုမိုကျယ်ပြန့်သော အရည်အချင်းများရှိရပါမည်။ ထိုအရည်အချင်းများတွင် ကိုယ်ကျင့်တရားကောင်းမွန်မှု၊ အများပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးလိုမှု၊ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီသည့် လူသားအခွင့်အရေးအပေါ် လေးစားမှုတို့ပါဝင်ပါသည်။
